၇၉၁ - ၇၉၅

599 68 0
                                    


အပိုင်း (၇၉၁) အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု စတင်ခြင်း

     ထိူအချိန်၌ လူတိုင်းစိတ်သက်သာရာ ရနေကြသည်။

     သူတို့သည် ဒိုဂျိုမှ ထွက်ခွာရန် မှန်ကန်သည့် ဆုံးဖြတ်ချက်ချခဲ့သောကြောင့် စိတ်သက်သာရာရနေသည်။

     ချင်နန်သည် သူတို့ကို ခြောက်လှန့်နေခြင်းမဟုတ်ပေ။ သူ့ထံ၌ သူတို့အားလုံးကို သတ်နိုင်သည့် အစွမ်းရှိပေသည်။

      “ဒါ…"
    ပျံလွှားမိကျောင်းသိုင်းဘီဘင် ထိတ်လန့်သွားသည်။

    မူကလန်မှ လူများလည်း တုန်လှုပ်သွားသည်။

    လွန်ခဲ့သော သုံးလက ဘာမှသိပ်မဟုတ်သည့် ချင်နန်သည် သိုင်းဘီဘင်အဆင့်ငါးကျွမ်းကျင်သူတစ်ယောက်ကို သတ်နိုင်သည့် လက်နက်ကို ထုတ်ယူကာ အသုံးပြုခဲ့သည်။

    “ကြည့်ရတာ ဒါက ကျုပ်တွေးထားတာထက် ပိုလွယ်တဲ့ ပုံပဲ…ဓားခြေချင်းသိုင်းဘီဘင်…နွားရိုင်းသိုင်းဘီဘင်…စိတ်အနှောက်အယှက်အဖြစ်မခံပါနဲ့…သူတို့ကို ကျုပ်ပဲ ကိုင်တွယ်လိုက်မယ်"
     ထိုစကားပြောလိုက်ပြီး ချင်နန်၏ ပုံရိပ်သည် ရုတ်ချည်း မူဖုန်ရှာ၏ ရှေ့၌ ထွက်ပေါ်လာသည်။

   မူဖုန်ရှာနှင့် မူမူသည် သူတို့၏ ဆံပင်များ ထောင်တက်သွားသလို ခံစားလိုက်ရပြီး သူတို့၏ နှလုံးသားထဲ၌ နှိုင်းဆ၍ မရသည့် အန္တရာယ်ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။

    “ချင်နန်…မင်း…"
   မူဖုန်ရှာ၏ နှလုံးသား တုန်လှုပ်ချောက်ချားသွားသည်။

     “မင်းက ဂျီးနီးယပ်တစ်ယောက်ပဲ…မင်းက ငါ့လှည့်စားမှုကို မြင်နိုင်ခဲ့တယ်…ဒါပေမဲ့ မင်းက မှားယွင်းတဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့တယ်…မင်းက ပျံလွှားမိကျောင်းသိုင်းဘီဘင် သူတို့နှစ်ယောက်ကို ဖမ်းသွားအောင် လုပ်ခဲ့တဲ့ အဓိကတရားခံပဲ"
   ချင်နန် အေးစက်သော အသံဖြင့် ပြောလိုက်ပြီး လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။

    မူဖုန်ရှာသည် ပျံလွှားမိကျောင်းသိုင်းဘီဘင်အား မင်းသမီးမြောင်မြောင်နှင့် မူမူကို ဖမ်းရန် အကြံပြုခဲ့သူဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Donde viven las historias. Descúbrelo ahora