၈၄၁ - ၈၄၅

551 58 0
                                    


အပိုင်း (၈၄၁) အကြီးအကဲဟွာ၏ တောင်းဆိုမှု
    
     အော်လိုက်သော သူမှာ အကြီးအကဲဟွာပင် ဖြစ်သည်။

     “အခုလှုပ်ရှားပြီလား"
     ချင်နန်၏ မျက်လုံးများ အရောင်လက်သွားကာ လှည့်ကြည့်၍ ပြောလိုက်သည်။
     “ ဘာလို့လဲ…ကျုပ်ဘာစည်းမျဉ်းမှ မချိုးဖောက်မိဘူးနဲ့တူတယ်"

     လူအစုအဝေးလည်း အံ့အားသင့်သွားသည်။

    ဘာဖြစ်တာလဲ…

    ချင်နန်နဲ့ အကြီးအကဲဟွာနဲ့ကြားက လေထုက ထူးဆန်းတယ်လို့ ဘာလို့  သူတို့ ခံစား‌ရတာလဲ…

     ရုတ်တရက် အချို့သည် လွန်ခဲ့သော ဆယ်ရက်က ကုန်သွယ်ခြင်းခန်းမတွင် ဖြစ်ပွားသွားသည့်အဖြစ်အပျက်ကို အမှတ်ရသွားကြသည်။
     ဟွာကျန်သည် ဂုရုအကြီးအကဲဖြင့် ချင်နန်ကို ကိုင်တွယ်ရန် ကြိုးပမ်းခဲ့သော်လည်း ချင်နန်သည် သူ၏ ကြောက်မက်ဖွယ်ရာသိုင်းပညာပါရမီကို ပြသ၍ ဖြေရှင်းခဲ့သည်။

     ဖြစ်နိုင်တာက...

     တပည့်များ၏ မျက်လုံးများ အရောင်လက်သွားသည်။

     “ချင်နန်"
     အကြီးအကဲဟွာ ချင်နန်ကို နူးညံ့စွာဖြင့် အသံပို့လွှတ်၍ ပြောလိုက်သည်။

    “ဟွာကျန်က မင်းကို စမ်းသပ်မှုမှာ ဒုက္ခရောက်အောင် လုပ်ခိုင်းခဲ့တာကို မင်းသိလား…ဒါပေမဲ့ ငါက သူ့ရဲ့ တောင်းဆိုမှုအတိုင်းလုပ်ဘူး…ချင်နန် မင်းပြခဲ့တဲ့ စွမ်းအားအရဆို မင်းမှာ သေချာပေါက် တောက်ပတဲ့ အနာဂတ်ရှိတယ်"

      “အကြီးအကဲဟွာက ဘာဆိုလိုတာလဲ…ကျေးဇူးပြုပြီး ရှင်းရှင်းပြောပါ"
     ချင်နန် တည်ငြိမ်စွာဖြင့် တုံ့ပြန်လိုက်သည်။

     “ဟီး…ဟီး…ဒါက အရမ်းရိုးရှင်းတယ်"
     အကြီးအကဲဟွာ ပြုံး၍ ပြောလိုက်သည်။
     “မင်းက လူသားတောင်ထိပ်က ဘုရင်သိုင်းပညာတွေ ရောင်းပြီးတော့ ဧကရာဇ်သလင်းပြားတစ်သောင်းကျော်ရခဲ့တယ်မလား…မကြာသေးခင်တုန်းက ငါ ရှေးဟောင်းပစ္စည်းတစ်ခုကို သဘောကျခဲ့တယ်…ဒါပေမဲ့ ငါ့မှာ ငွေမလုံလောက်ဘူးဖြစ်နေတယ်…စိတ်မပူပါနဲ့ တကယ်လို့ နဂါးအင်ပါယာလန်မှာ မင်း ပြဿနာတစ်ခုခုရှိရင် ငါ့ကို အချိန်မရွေး လာရှာလို့ရတယ်"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now