အပိုင်း (၉၉၁) သိုင်းဝိညာဉ်နှစ်ခုစေတီသည် လက်ဖဝါးတစ်ဝက်စာခန့်သာရှိသည်။ သို့သော်လည်း အလွှာခြောက်လွှာပါပြီး ၎င်း၏ မျက်နှာပြင်ကို ကြေးနီဖြင့် တိုက်စားထားကာ ခပ်ဖျော့ဖျော့အော်ရာတစ်ခုထွက်ပေါ်နေသည်။
၎င်းသည် ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်ပုံရသည်။
သို့သော်လည်း အချိန်ကုန်လွန်မှုကြောင့် စွမ်းအင်များ မရှိတော့ပုံရသည်။ချင်နန်သည် စစ်နတ်ဘုရား၏ ဘယ်ဘက်မျက်လုံးဖြင့် စစ်ဆေးခဲ့သော်လည်း စေတီ၏ မည်သည့်ထူးခြားမှုကိုမှ မတွေ့ခဲ့ပေ။ သို့သော်လည်း တစ်နည်းနည်းဖြင့် ၎င်းထံမှ ထွက်ပေါ်နေသည့် ထူးဆန်းသော အော်ရာကို သူ ခံစားနိုင်သည်။
၎င်းသည် ကျွမ်းဝင်သော လူစိမ်းနှင့်တူညီပြီး ထူးခြားသော ခံစားချက်တစ်ခုကို ပေးစွမ်းနေသည်။
“ထားလိုက်ပါတော့…ငါအရင်ဆုံးဝယ်သင့်တယ်"
ချင်နန် ချက်ချင်းပင် ကုန်သည်ဖြင့် ညှိနှိုင်းဆွေးနွေးလိုက်သည်။ အဆုံး၌ စေတီကို အခရာချီသုံးမျှင်ဖြင့် ဝယ်ခဲ့သည်။စေတီကို ဝယ်ပြီးနောက် သူချက်ချင်းထွက်လာခဲ့သည်။
သူသည် မုခ်အား အသုံးပြုကာ မြို့တစ်မြို့ကို တည်နေရာကူးပြောင်းပြီးနေက် သူ၏ ပုံရိပ်သည် အဝေး၌ အလင်းတန်းတစ်ခုပမာ ပျောက်ကွယ်သွားသည်။
လီတစ်ထောင်ကျော်ပျံသန်းလာပြီးနောက် သူသည် သားရဲများမရှိသည့် လူသူကင်းမဲ့သော နေရာသို့ ရောက်ရှိလာခဲ့သည်။
“ဒါက ဘာလဲဆိုတာ ကြည့်ရအောင်"
ချင်နန် စေတီအား ထုတ်ယူလိုက်ပြီး စေတီ၏အခြေ၌ အစီအရင်အပိုင်းအစတစ်ခုခုကို တွေ့လိုက်ရသည်။
သူသည် ချီစွမ်းအင်အား စုစည်းကာ စေတီထဲထည့်သွင်းရန် ပြင်လိုက်သည်။ သို့သော်လည်း ရုတ်ချည်းဆိုသလို သူ၏ လက် လေထဲတွင် ရပ်တန့်သွားသည်။အကြောင်းအရင်းတချို့ကြောင့် သူစေတီကို အသက်သွင်းလိုက်သည်နှင့် မကောင်းသောအရာ တစ်ခုခုဖြစ်မည်ဟု သူ၏ ပင်ကိုသိစိတ်က ပြောကြားနေသည်။
ESTÁS LEYENDO
အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)
Aventuraလန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ့်ဆုံးဖြစ်နေခဲ့ပါတယ်။ အဆင့်နိမ့် သိုင်းဝိညာဉ်ကြောင့် နံပါတ်တစ်ဂျီးနီးယပ် တစ်ယောက်အဖြစ်ကနေ အသုံးမကျတ...