၉၇၁ - ၉၇၅

671 61 2
                                    


အပိုင်း (၉၇၁) စီနီယာအစ်ကိုနှင့် ဂျူနီယာညီငယ်

       “ဒါ…"

      “ဆေဘာဘုရင်ကျောက်တုံးက ထက်ပိုင်းအပိုင်းခံလိုက်တာလား"

     “သောက်ခွေးပဲ…ချင်နန်ရဲ့ ဆေဘာစွမ်းအင်က ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်ရတာလဲ"

     “သူက နဂါးအင်ပါယာကလန်ရဲ့ ထိပ်ဆုံးအတွင်းစည်းတပည့်လား…ဒါမှမဟုတ် ကောင်းကင်ဆေဘာဂိုဏ်းရဲ့ ထိပ်ဆုံးအတွင်းစည်းတပည့်လား…"

     “ထောင်ချင်းစန့်ရဲ့ ဆေဘာစွမ်းအင်ကပဲ သူနှင့် နှိုင်းယှဉ်နိုင်မယ်လို့ ငါယုံကြည်တယ်"

     လူအုပ်ကြီး အံ့ဩတုန်လှုပ်သော မျက်နှာထားဖြင့် သက်ပြင်းရှိုက်လိုက်ကြသည်။

    ဆေဘာဘုရင်ကျောက်တုံးသည် အလွန်ရှားပါးသော ပစ္စည်းတစ်ခုဖြစ်ပြီး ယခုမတိုင်ခင်က မည်သူမျှ ထက်ဝက်မပိုင်းနိုင်ခဲ့ကြပေ။

     “သွားစို့"
     ထောင်ချင်းစန့် ပထမအကြီးအကဲကို ကြည့်လိုက်သည်။
     ချင်နန် လက်သီးစုကာ သူ၏ နောက်မှ လိုက်ပါသွားသည်။

     သူတို့နှစ်ယောက်သည် ပင်မဝင်ပေါက်သို့ တိုက်ရိုက်သွားလိုက်သည်။ မည်သူမျှ သူတို့နှစ်ယောက်ကို မတားရဲကြချေ။

     “မြန်မြန်…အကြီးအကဲတွေကို အစည်းအဝေးခေါ်လိုက်"
   ပထမအကြီးအကဲ၏ မျက်နှာနက်မှောင်နေကာ ပျောက်ကွယ်သွားသည့် ပုံရိပ်နှစ်ခုကိုကြည့်ပြီးနောက် လက်ဝှေ့ယမ်းကာ ထွက်ခွာသွားသည်။

    အခြားအကြီးအကဲများ သူ၏ နောက်မှ ချက်ချင်းလိုက်ပါသွားသည်။

     တစ်ခဏကြာပြီးနောက် ချင်နန်ရောက်ရှိလာပြီး ဆေဘာဘုရင်ကျောက်တုံးအား ထက်ပိုင်း ပိုင်း
လိုက်သည့် သတင်းသည် သိုင်းဘုရင်နှစ်ယောက်မှတစ်ပါး ကောင်းကင်ဆေဘာဂိုဏ်းတစ်ခုလုံးကို ပျံ့နှံ့သွာစသည်။

      “မင်းသေချာရဲ့လား…ထောင်ချင်းစန့်က ချင်နန်ကို သူ့ရဲ့ ဂျူနီယာညီငယ်လို့ ပြောတယ်ပေါ့"

    “သူတို့နှစ်ယောက်လုံးက အရှေ့ပိုင်းတိုက်ကြီးရဲ့ အောက်ပိုင်းခရိုင်က လာတယ်လို့ ငါကြားတယ်…အဲလိုဆိုရင် အံ့ဩစရာမဟုတ် တော့ပါဘူး"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Donde viven las historias. Descúbrelo ahora