အပိုင်း (၈၆၆) ခေါင်းအမြီးဖြူသွေးလင်းယုန်ထိုစဉ်အတောအတွင်း အရိုးဖြူလိုဏ်ခေါင်းများ၏ ရှေ့တွင်…
“မြူအတားအဆီးတစ်ရာ ဒီမှာ မရှိတော့ဘူး…ဒါ့အပြင် မြေပြင်ပေါ်က အရိုးတွေက အရမ်းထူးဆန်းနေတယ်…ရတနာက ရှေ့ဆက်သွားမဲ့ ဝင်ပေါက်ကြီးထဲမှာ ဝှက်ထားတယ်လို့ ငါယုံကြည်တယ်"
ချင်နန်၏ ဘယ်ဘက်မျက်လုံး ခရမ်းရောင်အလင်းတစ်ချက်လက်သွားပြီး နေရာတစ်ခွင်ကို စစ်ဆေးလိုက်သည်။
မြင်ကွင်းမှာ အလွန်တုန်လှုပ်ဖွယ်ရာဖြစ်သော်လည်း သူ မည်သည့်အန္တရာယ်ကိုမျှ သတိမပြုမိခဲ့ပေ။“အခုဦးတည်ရာကို ရောက်ပြီဆိုတော့ ငါတို့ သဘောတူထားတဲ့အတိုင်းပဲလုပ်မယ်…ငါတို့ ကံကောင်းမှုကို တွေ့တာနဲ့ တစ်ယောက်နဲ့ တစ်ယောက်ယှဉ်ပြိုင်ကြမယ်"
ရန်စုန် သူ၏ အတွေးများကို စုစည်းလိုက်ပြီး ချင်နန်ကို ကြည့်ကာ တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။မြူအတားအဆီးတစ်ရာမရှိဘဲ သူတို့ ချင်နန်ကို လေးလေးစားစား ဆက်ဆံစရာ မလိုအပ်တော့ပေ။
သို့သော်လည်း ဤနေရာအကြောင်းကို ဘာမှမသိသေးသောကြောင့် သူ့အတွက် လက်စားချေရမည့်အချိန်မဟုတ်ပေ။
သူတို့ လင်မြောင်ခို၏ အကူအညီ လိုအပ်လောက်သေးသည်။
“ဒါပေါ့…"
လင်မြောင်ခို ခေါင်းညိတ်လိုက်၏။ ဤတစ်ကြိမ်၌ လမ်းကို သူမ ဦးဆောင်လိုက်ပြီး ရန်စုန်၊ ရှောင်ဟောင်၊ တင်ပူဟွေနှင့် အခြားသူများသည် သူမ၏ နောက်မှ လိုက်လာလိုက်သည်။သူတို့ အရိုးများကို နင်းလိုက်စဉ်၌ အရိုးကျိုးသံများ ထွက်ပေါ်လာလည်း လမ်းကြောင်းမှာ အန္တရာယ်ကင်းသည်။
သို့သော်လည်း အကုန်လုံးသည် တည်တံ့သောမျက်နှာထာများဖြင့် ရှိနေကြပြီး သူတို့၏ စွမ်းအားများကို အသင့်စုဆောင်းထားကြသည်။“ဂိုဏ်းချုပ်လင်…ရှေ့က ချိုင့်ဝှမ်းက အန္တရာယ်များတယ်…ရှေ့တက်မဲ့အစား ခင်ဗျား ဘုရင်သိုင်းပညာတစ်ခုကို အသုံးပြုပြီး အရင်စမ်းကြည့်သင့်တယ်"
ချင်နန် လင်မြောင်ခိုကို အသံပို့လွှတ်လိုက်သည်။
ESTÁS LEYENDO
အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)
Aventuraလန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ့်ဆုံးဖြစ်နေခဲ့ပါတယ်။ အဆင့်နိမ့် သိုင်းဝိညာဉ်ကြောင့် နံပါတ်တစ်ဂျီးနီးယပ် တစ်ယောက်အဖြစ်ကနေ အသုံးမကျတ...