အပိုင်း (၈၂၆) ရုတ်ရုတ်သဲသဲ"ဘာ...ဘုရင်အဆင့်ရဲ့ ထိပ်ဆုံးသုံးယောက်က နောက်တစ်ခေါက်လာတာလား..."
"ဟူး...ဘုရင်သံတမန်ပြောတာ မင်းမကြားဘူးလား...ဂျီးနီးယပ်တချို့နဲ့ တွေ့ဖို့လာတာလဲ...သူတို့က ချွီလီရှူကို လာတွေ့တယ်ဆိုတာ သေချာတယ်"
"ဝိုး...ငါအရမ်းမနာလိုလိုက်တာ...ချွီလီရှူကတော့ အဆင့်မြင့်သွား တော့မယ်"
နေရာတစ်ခုလုံး သက်ဝင်လှုပ်ရှားနေသည်။
လူအုပ်ကြီးသည် ချွီလီရှူကို လေးစားမနာလိုစွာဖြင့် ကြည့်နေကြသည်။
အလယ်ပိုင်းတိုက်ကြီးထဲမှ မည်သည့်ဂျီးနီးယပ်သည် ဘုရင်အဆင့်ပေါ်မှ ထိပ်ဆုံးဂျီးနီးယပ်သုံးယောက်၏ အာရုံကို ဆွဲဆောင်နိုင်ပါမည်နည်း...
မည်သူသည် သူတို့အား လူကိုယ်တိုင်လာတွေ့အောင် လုပ်နိုင်ပါမည်နည်း...
. ၎င်းသည် ယခုအချိန်၌ ဖြစ်ပျက်လာခဲ့သည်။
သူတို့၏ မျက်လုံးထဲ၌ ချွီလီရှူ၏ အလားအလာသည် အလွန်ကြောက်စရာကောင်းသည်ဟု ဆိုလိုပေသည်။
ရွှင်ယွင်၊ ပိုင်ရှင်းရန်နှင့် ကွမ်ဟူတို့ပင် မနာလိုဖြစ်သွားကြသည်။
"ထိပ်ဆုံးဂျီးနီးယပ်သုံးယောက်က ဘာလို့ ငါ့ကို လာတွေ့ရတာလဲ"
ချွီလီရှူ သူ၏ အတွေးများကို မစုစည်းရသေးချေ။ထို့နောက် သူ၏ နှလုံးသားထဲ၌ မယုံနိုင်စရာကောင်းသည့် ပျော်ရွှင်မှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။
အကယ်၍ ဘုရင်အဆင့်ပေါ်မှ ထိပ်ဆုံးဂျီးနီးယပ်သုံးယောက်သည် သူနှင့် လူကိုယ်တိုင်လာတွေ့ရန်အတွက် အလွန်ဝေးကွာသည့် ခရီးအား ဖြတ်သန်းလာသော သတင်းကို လူအများ သိရှိသွားပါက မည်မျှ ထိတ်လန့်စရာကောင်းပါမည်နည်း...
အဓိကအချက်အနေဖြင့်...
သူ သူတို့နှင့် မိတ်ဆွေဖြစ်သွားသည်နှင့် သူ၏ အဆင့်အတန်းကြီးမားစွာ ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။ အခြားကျင့်ကြံသူများသည် သူ့ကို မြင်သည့်အချိန်၌ ကြောက်မက်ဖွယ်ရာဂျီးနီးယပ်တစ်ယောက်ပမာ ဆက်ဆံကြလိမ့်မည်ဖြစ်သည်။
YOU ARE READING
အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)
Adventureလန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ့်ဆုံးဖြစ်နေခဲ့ပါတယ်။ အဆင့်နိမ့် သိုင်းဝိညာဉ်ကြောင့် နံပါတ်တစ်ဂျီးနီးယပ် တစ်ယောက်အဖြစ်ကနေ အသုံးမကျတ...