၇၃၁ - ၇၃၅

630 61 0
                                    


အပိုင်း (၇၃၁) ကောင်းကင်ကံကြမ္မာအဆောင်၏ ဝိညာဉ်သက်ရှိ

     ထွတ်မြတ်အင်ပါယာအခန်း…

     ဖိနှိပ်မှုနှင့် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။

    ချင်နန်၏ ခရမ်းရောင်ဆံပင်သည် တည်ငြိမ်စွာ လူးလွန့်နေပြီး သူ၏ ဘယ်ဘက်မျက်လုံးသည် ခရမ်းရောင်လင်းလက်နေသည်။ သူ၏ အော်ရာသည် အလွန်ထူးခြား သာလွန်နေသည်။

      “ငါ…ငါလေ့လာထားတဲ့ သိုင်းပညာတွေကို တကယ်မေ့သွားပြီလား"
     ချင်နန် တစ်ကိုယ်တည်းရေရွတ်လိုက်သည်။

    သူ စစ်နတ်ဘုရားသိုင်းအရှင်အဆင့်သို့ ရောက်ရှိသွားသည်နှင့် ကောင်းကင်ဘုံစုဆောင်းတိုက်ကွက်အပြင် ယခင်က သူလေ့လာခဲ့သော သိုင်းပညာများအားလုံးသည် သူ၏ စိတ်ထဲမှ လုံးဝပျောက်ကွယ်သွားသည်။ သူသည် သူတို့၏ နာမည်များကို မှတ်မိသော်လည်း သိုင်းပညာများကို မှတ်မိခြင်းမရှိတော့ပေ။
    တစ်နည်းဆိုရပါက သူသည် ကျင့်ကြံမှုလမ်းခရီးသစ်ကို စတင်ခဲ့ပြီဖြစ်သည်။

     “ဒါပေမဲ့ ငါအခု ငါ့ရဲ့ ဘယ်ဘက်မျက်လုံး ဘယ်ဘက်လက်နဲ့ ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာ ငါ့ရဲ့ ညာဘက်လက်ကို အသုံးပြုနိုင်တယ်"
    ချင်နန် ယုံကြည်မှုရှိစွာဖြင့် ပြုံးလိုက်သည်။ သူသည် စစ်နတ်ဘုရား၏ ဘယ်မျက်လုံး၊ ဘယ်လက်နှင့် ညာလက်တို့၏ စွမ်းအားကို အသုံးချနိုင်သည်။
    စစ်နတ်ဘုရားခန္ဓာကိုယ်အစိတ်အပိုင်းသုံးခု၏ စွမ်းအားကို မတိုင်းတာနိုင်ပေ။ သူ၏ ခန္ဓာကိုယ်ထဲတွင် လုံလောက်သော စစ်နတ်ဘုရား၏ အင်အားများ ရှိမှသာ ချင်နန်သည် သူတို့၏ စွမ်းအား အပြည့်အဝကို ထုတ်ဖော်နိုင်လိမ့်မည်ဖြစ်သည်။
      လက်ရှိ၌ သူ၏ ခန္ဓာကိုယ်ထဲတွင် စစ်နတ်ဘုရားအင်အားစီးကြောင်းတစ်ခုသာ ရှိသည်။

     “ခန္ဓာကိုယ်အစိတ်အပိုင်းသုံးခုရဲ့ စွမ်းအားကို ထုတ်ဖော်ဖို့ သိုင်းအရှင်အဆင့်အင်အားကို အသုံးပြုနိုင်ပေးပေမဲ့ နှိုင်းယှဉ်ကြည့်ရင် စစ်နတ်ဘုရားအင်အားက ပိုထိရောက်ပြီး ပိုစွမ်းအားကြီးတယ်"
    ချင်နန် ရေရွတ်လိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now