၈၉၁ - ၈၉၅

652 55 0
                                    


အပိုင်း (၈၉၁) ရုတ်ရုတ်သဲသဲ

    သူရင်ဆိုင်နေရသော ပြဿနာမှာ အတော်ကြီးမားသည်။ အတိဒုက္ခကို ရင်မဆိုင်ဘဲ သူ၏ စွမ်းအား များစွာတိုးတက်လာရန်မှာ မဖြစ်နိုင်ပေ။
     ထို့ပြင် သိုင်းသစ်ပင်ခြောက်ပင်သည် အစွမ်းထက်ပုံရသော်လည်း ချင်နန်၏ အမြင်အရ ၎င်းသည် လုံလောက်အောင်သန်မာခြင်းမရှိချေ။

    မကြာသေးခင်က ကောင်းကင်တိမ်တိုက်တောင်တန်းသို့ သူ၏ ခရီးစဉ်သည် သူ၏ စွမ်းအားအပေါ်  ပိုမိုနားလည်အောင် ခွင့်ပြုခဲ့သည်။

   နတ်ဘုရားတစ်ဝက်ဒေသမှ ဂျီးနီးယပ်နှစ်ယောက်သည် တျန်အဆင့်ခုနှစ်သိုင်းဝိညာဉ်များသာ ပိုင်ဆိုင်သည်။ ထို့ကြောင့် နတ်ဘုရားအဆင့်ပေါ်၌ သူတို့၏ အဆင့်မှာ အလွန်မြင့်မားသည်မဟုတ်ကြောင်း သံသယရှိစရာ မလိုပေ။ သို့သော်လည်း သူတို့၏ စွမ်းအားမှာ အလွန်ကြောက်စရာကောင်းလှသည်။

    တျန်အဆင့်ရှစ်သိုင်းဝိညာဉ် ၊ တျန်အဆင့်ကိုးသိုင်းဝိညာဉ် ၊ တျန်အဆင့်တစ်ဆယ်သိုင်းဝိညာဉ် ရှိတဲ့ လူဆို ဘယ်လိုနေမလဲ…

     သူတို့၏ စွမ်းအားကို ဘယ်လိုမှ တိုင်းတာ၍ မရပေ။

     ချင်နန်၏ ရည်မှန်းချက်မှာ ကောင်းကင်တောင်ပိုင်းဂိတ်ကို ဖျက်ဆီးပြီး ကျန်ရှိသည့် စစ်နတ်ဘုရား၏ ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ပေါင်းစည်းရန်ဖြစ်သည်။ သို့သော်ငြားလည်း ၎င်းမှာ သေချာပေါက် လွယ်ကူသော အလုပ်တစ်ခုမဟုတ်ပေ။
    သူ သူ၏ ပန်းတိုင်ကို မရောက်ခင်တွင် အလွန်အစွမ်းထက်ရန် လိုအပ်သည်။

     “အခုအချိန်မှာ နဂါးအင်ပါယာကလန်ထဲမှာဖြစ်ဖြစ် ဘုရင်အဆင့်မှာဖြစ်ဖြစ် ငါ့ရဲ့စွမ်းအားက သာမန်ပဲလို့ သတ်မှတ်နိုင်သေးတယ်…သိုင်းဘုရင်အဆင့်ကိုရောက်မှ ငါရှာနိုင်မဲ့ လျှို့ဝှက်ချက်တွေ အများကြီးရှိသေးတယ်"
     ချင်နန် စဉ်းစားပြီးနောက် သူ၏ ရှေ့မှ အရိုးစုရှစ်ခုနှင့် ကျင့်ကြံလိုက်သည်။

     နောက်ဆုံး၌ သူသည်အတော်လေးခက်ခဲသော အခြေအနေ၌ ကျရောက်နေသည်ကို သတိပြုမိသွားသည်။
     သူထွက်နိုင်သည့် တစ်ခုတည်းသော လမ်းမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အင်အားများကို စုဆောင်းရန်ဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Opowieści tętniące życiem. Odkryj je teraz