အပိုင်း (၂၆၆) ရန်သူဟောင်းများက လက်စားချေကြခြင်း“ချင်နန်"
ရှောင်လန်၊ ချူးယွင်နှင့် အခြားသူများ အလွန်ထိတ်လန့်တုန်လှုပ်သွားကြသည်။ ချက်ချင်းပင် သူတို့ ရှေ့သို့ ပြေးတက်သွားကြသည်။သို့သော်လည်း ကိုယ်ပွားအိုးရန်ပါး၏ သိုင်းသခင်အော်ရာသည် အတားအဆီးတစ်ခုကဲ့သို့ ပတ်၀န်းကျင်အား ကန့်သတ်ထားသည်။
မီးငြိမ်းသွားသောအခါ ချင်နန်၏ ခန္ဓာကိုယ်သည် ဆိုးဆိုးရွားရွား ပျက်စီးနေသည်ကို လူအများ တွေ့လိုက်ရသည်။ သူ၏ လက်များ၊ ရင်ဘတ်နှင့် ဒူးခေါင်းများသည်လည်း အသိအမှတ် မပြုနိုင်လောက်အောင် ပျက်စီးနေသည်။ သူ၏ အခြားခန္ဓာကိုယ် အစိတ်အပိုင်းများမှာလည်း မီးလောင်ကျွမ်းထားပြီး သူ၏ အရေပြားမှာလည်း အက်ကွဲကြောင်းများ ဖြစ်ပေါ်နေသည်။
ချင်နန်၏ မြဲမြံသည့် ခန္ဓာကိုယ်သည် လေတစ်ချက် အဝှေ့တွင်ပင် လဲပြိုကျသွားမယောင် အပြင်းအထန် တုန်ခါလာသည်။ သို့သော်လည်း သူ မလဲကျသေးချေ။
သူ၏ ရင်ဘတ်၊ သူ၏ လက်နှင့် သူ၏ ဒူးသည် ပုံပျက်ပန်းပျက် ဖြစ်နေသော်လည်း၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ဆိုးဆိုးရွားရွား ပျက်စီးနေသော်လည်း သူ၏ ဦးခေါင်းမှာ မတ်လျက် သူ၏ ခါးမှာ ဆန့်လျက်နှင့် သူ၏ ခြေထောက်များမှာလည်း မြဲမြံစွာပင် ရပ်နေသည်။
သူ၏ ခန္ဓာကိုယ်ထဲမှ မမြင်ရသော စွမ်းအားတစ်ခုခုက သူ့အား ထောက်ပံ့ပေးထားသလိုပင်...
သိုင်းဘိုးအေအဆင့် ကိုယ်ပွားတစ်ယောက်ပင် သူ့အား မဖိနှိပ်နိုင်ခဲ့ပါ။“ဒါ..."
ခန်းမခေါင်းဆောင်များနှင့် တပည့်များအားလုံး အလွန်အံ့အားသင့်သွားကြသည်။
ဒီလို ပြင်းပြင်းထန်ထန် ဆိုးဆိုးရွားရွား နှိပ်စက်ခံနေရတဲ့ အချိန်မှာတောင် မတ်မတ်ရပ်တည်နိုင်ဖို့အတွက် လူတစ်ဦးရဲ့ စိတ်ဓာတ်က မည်မျှ ပြင်းပြရန် လိုအပ်မည်နည်း။“ချင်နန်"
ထိုမြင်ကွင်းကို ကြည့်ကာ အိုးရန်ပါး ဒေါသထွက်လာသည်။ ဟွှာအဆင့်တစ်ဆယ်သိုင်းဝိညာဉ်နှင့် ကျင့်ကြံမှု သိုင်းဧကရာဇ်တစ်၀က်အဆင့်သာရှိသည့် တပည့်တစ်ယောက်သည် ဤကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသည့် စိတ်ဆန္ဒကို ပိုင်ဆိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
YOU ARE READING
အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)
Adventureလန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ့်ဆုံးဖြစ်နေခဲ့ပါတယ်။ အဆင့်နိမ့် သိုင်းဝိညာဉ်ကြောင့် နံပါတ်တစ်ဂျီးနီးယပ် တစ်ယောက်အဖြစ်ကနေ အသုံးမကျတ...