၃၉၆ - ၄၀၀

682 59 0
                                    


အပိုင်း(၃၉၆)အနိုင်ကျင့်ခြင်း

ချင်နန် ထိုနေရာမှ ထွက်ခွာလာပြီးနောက် အမှတ်ငါးရာပေး၍ အခြားတည်းခိုခန်းတစ်ခုတွင် တည်းခိုလိုက်သည်။

" ဖီလာဆေးပညာမှတ်စုစာအုပ်က သမာရိုးကျမဟုတ်တဲ့နည်းလမ်းနဲ့ ဆေးဝါးသန့်စင်တာပဲ...နတ်ဆိုးအမြုတေအရှင်က ဒါကို ကြီးမားသော အောင်မြင်မှုအဆင့်ထိ ကျွမ်းကျင်ခဲ့ပြီး ရွယ်အဆင့်တစ်ဆယ် ဆေးပညာရှင်တစ်ယောက်ဖြစ်လာခဲ့တယ်...ဒါ့ကြောင့် သူ့အတွေ့အကြုံတွေရဲ့ အကူအညီနဲ့ဆိုရင် သမာရိုးကျမဟုတ်တဲ့ နည်းလမ်းနဲ့ ဆေးဝါးသန့်စင်တာကို ငါ ကျွမ်းကျင်ဖို့ အခွင့်အရေးရှိတယ် "
ချင်နန် တစ်ကိုယ်တည်းရေရွတ်လိုက်သည်။

" ငါရဲ့ ကိုယ်တွင်းအူတိုင်က ပျက်စီးခြင်းချီနဲ့ ပေါင်းစည်းပြီးမှသာ အဆင့်တက်လာခဲ့တယ်...အခု ငါ့မှာ ဘာပျက်စီးခြင်းချီမှ မရှိဘူး...ဒီလို‌ဆိုတော့ ငါ့ရဲ့ ရွှေရောင်နဂါးအစင်းကြောင်းခြောက်ခု အခြေတည်စိတ်ဝိညာဉ်ကို ဘယ်လို အဆင့်မြှင့်ရမလဲ "
ချင်နန်ဆက်လက် တွေးတော စဉ်းစားလိုက်သည်။

သူသည် ဖီလာဆေးပညာမှတ်စုစာအုပ်၏ အကူအညီဖြင့်သာ သူ၏ အခြေတည်စိတ်ဝိညာဉ်ကို ဖွဲ့စည်းနိုင်ခဲ့သည်။

ဒီတော့ ဒါကို ငါ ဘယ်လို အဆင့်မြှင့်တင်နိုင်မလဲ...

အချိန်စက်ဝိုင်းသည် တ‌ဖြည်းဖြည်း ရွေ့လျားနေသည်။ သုံးရက်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

မြို့တစ်ခုလုံးမှာ ချင်နန်၊ ရင်ရွှင်းလုံနှင့် ‌ရွှယ်ဝူဟန်တို့၏ ရောက်ရှိလာမှုကြောင့် အလွန်သက်ဝင်လှုပ်ရှားနေပြီး ကျင့်ကြံသူများ၏ ကြားထဲတွင် ဆွေးနွေးမှုများ ဖြစ်ပေါ်နေသည်။

ချင်နန် ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သည်။ လွန်ခဲ့သော သုံးရက်အတွင်းတွင် သူသည် ဖီလာဆေးဝါးသန့်စင်ခြင်းနည်းလမ်း၏ အခြေခံကို ကျွမ်းကျင်ခဲ့သည်။
သူ၏ ရွှေရောင်နဂါးအစင်းကြောင်းခြောက်ခုအခြေတည်စိတ်ဝိညာဉ် အဆင့်တက်ရန်မှာမူ သုံးတံခါးသို့ ဝင်သည့်တိုင်အောင် စောင့်ရလိမ့်မည်ဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Donde viven las historias. Descúbrelo ahora