၇၅၆ - ၇၆၀

596 65 0
                                    


အပိုင်း (၇၅၆) သွေးယဇ်ပလ္လင်ပျက်စီးခြင်း

   “ဟမ်"
    မူထျန်ရှင် ခေါင်းလှည့်ကာ ကြည့်လိုက်သည်။

    သိုင်းသူတော်စင် ပုံရိပ်အပါအဝင် လူအုပ်ကြီးသည်လည်း လှည့်ကြည့်လိုက်ကြသည်။
    အကြည့်တစ်ချက်နှင့်အတူ သူတို့၏ မျက်နှာထက်၌ အလွန်တုန်လှုပ်မှုများ ပြည့်နှက်သွားသည်။

    သူတို့ မြင်တွေ့လိုက်ရသည့်အရာမှာ…
  
    အလွန်ထည်ဝါသော အော်ရာဖြင့် အတိဒုက္ခနှစ်ခုဆီသို့ တိုးဝင်သွားသည့် ပုံရိပ်တစ်ခုဖြစ်သည်။
    သူ၏ လက်ထဲမှ ဆေဘာသည် မနှိုင်းယှဉ်သာအောင် ကြောက်မက်ဖွယ်ရာကောင်းသော အော်ရာကို ထုတ်ဖော်နေပြီး အတိဒုက္ခနှစ်ခုကို ပိုင်းချလိုက်သည်။

   ချောက်ချားဖွယ်ရာမြင်ကွင်းတစ်ခု ဖြစ်ပွားလာသည်။

     ဆေဘာသည်  မိုးကြိုးဓားများကို တစ်ချက်တည်းဖြင့် ပိုင်းဖြတ်သွားသည်။

    ဝီ…ဝီ…

    လူအုပ်ကြီး၏ မျက်လုံးထဲ၌ ဓားအလင်းတစ်ချက်လက်သွားသည်။
   မိုးကြိုးဓားနှစ်ချောင်းသည် ထက်ဝက်ပိုင်းခံခဲ့ရသည်။

    တစ်ချက်တည်းသော ပိုင်းချက်ဖြင့်…

     အတိဒုက္ခများကို ဖျက်ဆီးခြင်း…

   ဖွီး…ဖွီး..
 
    ကောင်းကင်ပေါ်မှ ကျန်ဖေးဖန်နှင့် ချန်ထျန်ကူတို့၏ ခန္ဓာကိုယ်များ ပြင်းထန်စွာ တုန်ခါသွားပြီးနောက် သွေးများ အန်ထုတ်လိုက်ကြသည်။ ထို့နောက် သူတို့သည် အားနည်းသော အော်ရာများဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။
    သူတို့၏ အတိဒုက္ခများ ဖျက်ဆီးခံခဲ့ရသောကြောင့် သူတို့သည်လည်း ကြီးမားသော အကျိုးဆက်များ ခံစားခဲ့ရသည်။

    “ဒါ…"
    မူထျန်ရှင် ဟာလာဟင်းလင်းမျက်နှာထားဖြင့် ဖြစ်နေသည်။

     ၎င်းမှာ အတိဒုက္ခနှစ်ခုဖြစ်သည်။

     ဒါပေမဲ့ ဒါတွေက ဒီလို ထက်ဝက်ပိုင်းခံခဲ့ရတာလား…

    ထိုအချိန်၌ ဒိုဂျိုသည် တစ်စပြင်တစ်ခုပမာ တိတ်ဆိတ်နေသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now