အပိုင်း (၁၃၁) မင်းသမီးကို အစောင့်အကြပ်အဖြစ်ထားရှိခြင်းလူအိုကြီးရှန်သည် စိတ်ဝိညာဉ်ဂိုဏ်း၏ ကြီးမြတ်သောအကြီးအကဲဖြစ်ပြီး သူ၏ ကျင့်ကြံမှုအဆင့်သည် ဂိုဏ်းချုပ်နှင့် တူညီကာ သိုင်းဘိုးအေအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
တစ်နည်းအားဖြင့် ပြောရပါက သူ့ရှေ့မှ အသက်တစ်ဆယ့်သုံးနှစ်ခန့်သာ ရှိသောမိန်းကလေးသည် သိုင်းဘိုးအေအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
အဓိကအကျဆုံးမှာ နတ်ဘုရားသိုင်းဝိညာဉ် မျက်လုံးများကြောင့် ချင်နန်သည် မင်းသမီးမြောင်မြောင်၏ ခန္ဓာကိုယ်အတွင်းမှ ပုန်းကွယ်နေ၍ လူအိုကြီးရှန်ထက် ကျော်လွန်သော လျှို့ဝှက်ဆန်းကြယ်သည့် အင်အားတစ်ခုကို တွေ့မြင်နိုင်သည်။မင်းသမီးမြောင်မြောင်သည် ထိတ်လန့်သွားပုံရကာ သူမ၏ စွဲဆောင်မှုရှိသော မျက်လုံးသည် အေးစက်သွားပြီး
“ငါ့ကျွန်...မင်း မင်းသမီးကို နောက်တစ်ခါ စစ်ဆေးကြည့်ရဲရင် မင်းသမီးက မင်းကို သနားညှာတာမှုပြမှာ မဟုတ်ဘူး"ထိုစကားများကြောင့် ချင်နန်သည် ချက်ချင်းသတိပြန်ဝင်သွားပြီး သူ၏နတ်ဘုရားသိုင်းဝိညာဉ်မျက်လုံးများကို ရုတ်သိမ်းလိုက်ကာ မင်းသမီးမြောင်မြောင်ကို ရိုးရိုးတန်းတန်းပင် ကြည့်လိုက်သည်။
ချင်နန်သည် ဒီမင်းသမီးမြောင်မြောင်ကို သဘောမကျသော်လည်း သူမ၏ကျင့်ကြံမှုအဆင့်ကို သိရှိပြီးနောက် သူ၏ လက်စားချေရန် ကြိုးပမ်းခြင်းကို ရပ်တန့်လိုက်သည်။ချင်နန်သည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ တည်ငြိမ်သော အသံဖြင့်ပြောလိုက်သည်။
“ မင်းက ဒီလောက်အစွမ်းထက်နေတာကို ဘာလို့ အပင်ပန်းခံပြီး ငါ့ဆေးလုံးတွေကို ယူနေတာတုန်း...အဲ့ဒါတွေကို မင်းငါ့ကို ပြန်ပေးမယ်လို့ မျှော်လင့်ပါတယ်...ပြီးရင် မင်းငါ့ဆီက ထွက်သွားနိုင်တယ်"မင်းသမီးမြောင်မြောင်သည် သူ့ကို မျက်မှောင်တစ်ချက်ကြုတ်ကြည့်လိုက်ကာ မကျေမနပ်ဖြစ်နေသောအသံဖြင့်
“ဒါ ကျွန်တစ်ယောက် ပြောရမယ့် စကားလား...မင်းရဲ့သွေးကို အသုံးပြုပြီး လုပ်ဆောင်ခဲ့တဲ့ သွေးစာချုပ်ကြောင့် မင်းနဲ့မိုင်တစ်ရာ ဝေးလို့မရလို့သာပေါ့...မဟုတ်ရင် ငါမင်းဆီက ထွက်သွားတာ ကြာလှပြီ...မင်းရဲ့ဆေးလုံးတွေအတွက်ကတော့ ကျွန်တစ်ယောက်အနေနဲ့ အဲ့ဒါက မင်းရဲ့တာဝန်ပဲ...ဒါပေမယ့် အဲဒါတွေကို မင်းက ငါ့ဆီက ပြန်လိုချင်နေတယ်ပေါ့...ဒါက မင်းရဲ့ပထမဆုံးအကြိမ် ဖြစ်တဲ့အတွက်ကြောင့် ငါကပဲ သဘောထားကြီးမြတ်စွာနဲ့ ခွင့်လွှတ်ပေးလိုက်ပါမယ်"
YOU ARE READING
အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)
Adventureလန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ့်ဆုံးဖြစ်နေခဲ့ပါတယ်။ အဆင့်နိမ့် သိုင်းဝိညာဉ်ကြောင့် နံပါတ်တစ်ဂျီးနီးယပ် တစ်ယောက်အဖြစ်ကနေ အသုံးမကျတ...