၂၉၆ - ၃၀၀

706 63 0
                                    


အပိုင်း (၂၉၆) သူဌေးလေးချင်

အခန်းထဲသို့ ရောက်ရှိလာသည်နှင့် လောင်ဂူးသိုင်းဘိုးအေသားရဲနှင့် မင်းသမီးမြောင်မြောင်သည် သူ့အား စိတ်ရှုပ်စွာဖြင့် ကြည့်လိုက်သည်။ သူတို့နှစ်ဦးသည်လည်း တစ်ခုခုမှားယွင်းနေကြောင်း သတိပြုမိသည်မှာ ထင်ရှားပေသည်။

"ကျန်းဟွမ် ငါတို့ဘယ်သူဆိုတာ သိသွားရင်တောင် ဂရုစိုက်စရာမလိုပါဘူး...ငါတို့အစီအစဉ်အောင်မြင်သွားပြီးရင် ငါတို့ဘယ်သူဆိုတာ ပေါ်‌ပေါက်သွားရင်တောင် ဒါက ပြဿနာမဟုတ်ဘူး"
ချင်နန် ဖြည်းလေးစွာပြောလိုက်သည်။

မင်းသမီးမြောင်မြောင်မှာ မည်သည့်တုံ့ပြန်မှုမှ မပြသော်လည်း လောင်ဂူးသိုင်းဘိုးအေသားရဲမှာမူ အလွန်စိတ်လှုပ်ရှားသွားသည်။ မျှော်လင့်ထားသည့်အတိုင်း သူချင်နန့်နောက်လိုက်ခဲ့ခြင်းသည် မှန်ကန်သော ရွေးချယ်မှုဖြစ်သည်။

ချင်နန်သည် ဘယ်သူ့ကိုမှကြောက်ရွံ့ခြင်းမရှိသကဲ့သို့ သူ့အားဒုက္ခပေးသည့် မည်သူကိုမှလည်း ခွင့်လွှတ်ခြင်းမရှိပေ။

ချင်နန်သည် ကျောက်ဖြူစင်ကို ကြည့်လိုက်သည်။
ဗွီအိုင်ပီများအတွက် အခန်းများကို အထူးသတ္တုများဖြင့် ဆောက်လုပ်ပေးထားသည်။ ၎င်းသည် တစ်စုံတစ်ယောက် အတွင်းကို ကြည့်ရှုခြင်းအား ပိတ်ဆို့ထားသော်လည်း အတွင်းမှလူများမှာတော့ အပြင်ဘက်ကို ရှင်းလင်းစွာမြင်ရပေသည်။

ထိုအချိန်တွင် လေလံခန်းမတစ်ခုလုံး လူများဖြင့် ပြည့်နှက်နေသည်။ ကျော်ကြားသောလူများနှင့် ကျင့်ကြံသူများစွာသည် ထိုင်ခုံအသီးသီးတွင် ထိုင်နေကြပြီး စိတ်လှုပ်ရှားသောမျက်နှာထားများဖြင့် ရှိနေကြသည်။

"ဂုဏ်သရေ‌ရှိကျင့်ကြံသူအပေါင်းတို့ခင်ဗျာ...ကျုပ်တို့ရဲ့ နှစ်စဉ်ရှေးနဂါးလေလံပွဲကနေ ကြိုဆိုပါတယ်...ကျုပ်ကတော့ ဒီနေ့လေလံပွဲရဲ့ ကြီးကြပ်သူပါ...ခင်ဗျားတို့ ကျုပ်ကို ကျင်းရှင်လို့ ခေါ်နိုင်ပါတယ်"
ထိုကျယ်လောင်သောအသံအပြီးတွင် လူအုပ်ရှေ့သို့ ရည်မွန်သောသက်လတ်ပိုင်းလူတစ်ယောက် ထွက်ပေါ်လာသည်။ သက်လတ်ပိုင်းလူ၏ နောက်တွင် ဆွဲဆောင်မှုရှိသည့် လှပသောအမျိုးသမီးခြောက်ယောက်သည် ပါးလျသော ဝတ်စုံများကို ဝတ်ဆင်ထားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Donde viven las historias. Descúbrelo ahora