အပိုင်း (၁၃၆) ပုံဆောင်သလင်းပန်းမိုချင်းသည် သူ၏နေအိမ်သို့ ပြန်လာကာ သူ၏ ဒဏ်ရာများကို စတင်ကုသလိုက်သည်။
ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် သူ့အား အလွန်ဒေါသထွက်စေခဲ့သည်။သူမက သိုင်းဘိုးအေတစ်ယောက် ဆိုတော့ကော ဘာဖြစ်လဲ....
သိုင်းဘိုးအေတစ်ယောက်ဖြစ်တာနဲ့ သူမ လုပ်ချင်တာ လုပ်လို့ရပြီလား.....မိုချင်းသည် အံကိုတင်းတင်း ကြိတ်လိုက်ပြီး သူ၏စိတ်ထဲတွင် ယုတ်မာသော အစီအစဉ်တစ်ခုကို ချမှတ်လိုက်သည်။
သို့သော်လည်း သူ၏ အစီအစဉ်ကို အကောင်အထည်ဖော်ရန် အခွင့်အရေးမရမှီမှာပင် သူမသိရှိသေးသော သတင်းများကို ကြားသိလိုက်ရသည်။
အတွင်းစည်းအကြီးအကဲတစ်ယောက် လုယက်ခံခဲ့ရသည်။
စည်းကမ်းဥပဒေခန်းမခေါင်းဆောင် လုယက်ခံခဲ့ရသည်။
တရားခံသည် မိန်းမငယ်လေးတစ်ယောက်ဖြစ်ပြီး သူမကို သူမ မင်းသမီးမြောင်မြောင်ဟု ပြောဆိုပေသည်။အဓိကအချက်မှာ ထိုမင်းသမီးမြောင်မြောင်သည် စိတ်ဝိညာဉ်ဂိုဏ်း၏ ဂုဏ်ထူးဆောင်အကြီးအကဲတစ်ယောက်ဖြစ်သည်။
ထိုအချိန်၌ မိုချင်း၏ စိတ်ထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားသည်။ စည်းကမ်းဥပဒေခန်းမ ခေါင်းဆောင်ပင်လျှင် လုယက်ခံရသည်ကို လက်စားမချေရဲခဲ့ပါ။
သူ့လို အတွင်းစည်း တတိယအကြီးအကဲတစ်ယောက်က မည်ကဲ့သို့ လက်စားချေနိုင်ပါမည်နည်း.....နောက်ဆုံးတွင် မိုချင်းသည် အလွန်စိတ်ဓာတ်ကျသွားသည်။ ချင်နန်သည် လူအိုကြီးရှန်၏ သဘောကျမှုကိုသာ ရရှိထားသည် မဟုတ်ဘဲ
ယခု သူ့ကိုစောင့်ရှောက်ရန် သိုင်းဘိုးအေတစ်ယောက်ပင် ရှိနေပြီ ဖြစ်သည်။.........
.........
အပြင်နယ်မြေဒိုဂျိုတွင် အပြင်နယ်မြေ တပည့်များနှင့် အတွင်းနယ်နိမိတ်တပည့်များသည် ချင်နန်ကို လေးစားစွာကြည့်နေကြသည်။
အကြီးအကဲမိုချင်းသည် လူမြင်ကွင်းတွင် ချင်နန်အား တိုက်ခိုက်ရဲသည်ကို တပည့်များ ဆွေးနွေးနေကြခြင်း မရှိကြချေ။ ချင်နန်ကို ထိုသို့ ပြုလုပ်နိုင်ရန် နောက်ကွယ်မှ ထောက်ပံ့ပေးထားသည့် အစွမ်းထက်သော တစ်စုံတစ်ယောက်ရှိနေမည်ကို သိရှိ၍ဖြစ်သည်။
သို့သော်လည်း သိုင်းဘိုးအေတစ်ယောက် ဖြစ်နေသည့်မင်းသမီးမြောင်မြောင် ဟူသော မိန်းကလေးသည် ချင်နန်ကို ကာကွယ်ပေးလိမ့်မည်ဟု မည်သူက ထင်ထားခဲ့ပါမည်နည်း။
ကြောက်စရာကောင်းသော နောက်ခံအပြင် ချင်နန်ကို ကာကွယ်ပေးနေသည့် သိုင်းဘိုးအေတစ်ယောက်ပင်ရှိနေသည်။ မည်မျှ ရူးချင်စရာ ကောင်းပါသနည်း။
ချင်နန်သည် လူအုပ်ကြီး၏ အကြည့်များကို မြင်တွေ့နေပြီးနောက် မချိပြုံး ပြုံးလိုက်သည်။ သို့သော်လည်း သူ၏နှလုံးသားထဲတွင် နွေးထွေးမှုတစ်ခု ခံစားနေရသည်။
YOU ARE READING
အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)
Adventureလန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ့်ဆုံးဖြစ်နေခဲ့ပါတယ်။ အဆင့်နိမ့် သိုင်းဝိညာဉ်ကြောင့် နံပါတ်တစ်ဂျီးနီးယပ် တစ်ယောက်အဖြစ်ကနေ အသုံးမကျတ...