၄၄၆ - ၄၅၀

631 69 0
                                    


အပိုင်း (၄၄၆) အလွန်ကြောက်မက်ဖွယ်ရာကောင်းသော သတ်ဖြတ်ချင်စိတ်

     အောက်ပိုင်းခရိုင်သည် ချင်နန်အား ရှုံ့ချသော စကားများပြောနေချိန်၌ ချင်းလုံမြင့်မြတ်နေရာတွင်...

     ကျယ်လောင်သော ရယ်မောသံသည် ချင်နန်နှင့် အခြားသူများ၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားသွားသည်။ သူတို့သည် ချက်ချင်းခေါင်းမော့လိုက်ရာ ဂုဏ်ယူသော မျက်နှာထားဖြင့် လောင်ဂူးသားရဲကို တွေ့လိုက်ရသည်။

      လောင်ဂူးသားရဲ၏ သွင်ပြင်သည် ထူးထူးခြားခြားပြောင်းလဲသွားခြင်းမျိုးမရှိပေ။ သူ၏ မျက်နှာသည် ယခင်အတိုင်းပင်ဖြစ်ပြီး သူ၏ နဖူးပေါ်မှ ဘုနှစ်ဘုသာ ပို၍ကြီးလာကာ ရယ်ချင်စရာဖြစ်နေသည်။

       ယခုအချိန်၌ လောင်ဂူးသိုင်းဘိုးအေသားရဲ အလွန်အားရကျေနပ်နေသည်။
       ချင်းလုံမြင့်မြတ်နေရာ၏ တားမြစ်နေရာတစ်ခုထဲတွင် ရှေးဟောင်းနဂါးအလောင်းတစ်ခုရှိပေသည်။ ထိပ်ပိုင်းခေါင်းဆောင်သွမ့်မုသည် သူ၏ သွေးကြောကြောင့် လောင်ဂူးသိုင်းဘိုးအေသားရဲကို ဤနေရာသို့ ပို့ဆောင်ခဲ့ပြီး အလောင်းအား မသန့်စင်နိုင်သမျှ ထွက်မလာရန် ခြိမ်းခြောက်ခဲ့သည်။
      လောင်ဂူးသိုင်းဘိုးအေသားရဲ ချက်ချင်းဒေါသထွက်သွားသည်။  သို့သော်လည်း သူသည် ထိပ်ပိုင်းခေါင်းဆောင်သွမ့်မုကို ယှဉ်နိုင်ခြင်းမရှိသောကြောင့် အလောင်းအား သန့်စင်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ပေ။ နဂါးအလောင်းအား သန့်စင်ရန်အတွက် လပေါင်းများစွာ အချိန်ယူပြီးနောက် သူ၏ ကျင့်ကြံမှု အလွန်တိုးတက်လာခဲ့သည်။

      “ဟမ်...လူတွေဘယ်မှာလဲ...ဘာတွေဖြစ်သွားတာလဲ"
      ကြီးမားသော ချင်းလုံမြင့်မြတ်‌နေရာသည် အသက်ရှူသံတစ်သံမျှ မကြားရဘဲ တိတ်ဆိတ်နေကြောင်းကို လောင်ဂူးသားရဲ ချက်ချင်းရှာဖွေတွေ့ရှိသွားသည်။ သူ၏ ပတ်ဝန်းကျင်အား အလျင်အမြန်စစ်ဆေးလိုက်ရာ ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်၊ ချင်နန်တို့နှင့် အလွန်အားနည်းနေသော မင်းသမီးမြောင်မြောင်ကို တွေ့လိုက်ရသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now