အပိုင်း (၆၉၆) မင်းက ဆေဘာတွေကို ချစ်တယ်“ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာ"
ချင်နန်သည် သူ၏ နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုကို ချုပ်တည်းလိုက်ပြီး ရှုပ်ထွေးသွားသည်။ဒါက ဘယ်လိုလုပ်ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာဖြစ်ရတာလဲ...
ဒါက စစ်နတ်ဘုရားရဲ့ ညာလက်ကြီးကို...
“ချေးပဲ…သွမ့်ချင်း…ရိုးရိုးသားသားပြော…မင်းက ဒီကောင်းကင်ဖြိုဖျက်ခြင်းဆေဘာနဲ့ ဘယ်လိုဆက်နွှယ်မှုရှိတာလဲ…တကယ်လို့ မင်းဒီဆေဘာကို ရရင် မင်းရဲ့ အနာဂတ်က မခန့်မှန်းနိုင်အောင်ပဲ…မင်းရဲ့ ကံကြမ္မာကလည်း လုံးဝပြောင်းလဲသွားလိမ့်မယ်..."
မတည်ငြိမ်ခြင်းသမုဒ္ဒရာသိုင်းဘီဘင်သည် လုံးဝစိတ်လွတ်နေသည်။”မင်းတို့ သုံးယောက် သွားကြ"
ထိုအချိန်၌ ရှေးခေတ်က ဆင်းသက်လာသကဲ့သို့ အသံတစ်သံပေါက်ကွဲသွားသည်။ကမ္ဘာကြီးတစ်ခုလုံးနှင့် ရတနာသိုက်တစ်ခုလုံး ပြိုကွဲပျက်စီးသွားသကဲ့သို့ပင် ဖြစ်သည်။
မတည်ငြိမ်ခြင်းသမုဒ္ဒရာသိုင်းဘီဘင်နှင့် နီလာသွေးသိုင်းဘီဘင်တို့ မတုံ့ပြန်နိုင်သေးခင်မှာပင် သူတို့၏ ဦးနှောက်များကို ကြောက်မက်ဖွယ်ရာအင်အားလှိုင်းများ ရိုက်ခတ်သွားသည်။
သူတို့ ချက်ချင်း သတိမေ့သွားကြသည်။သူတို့အပြင် ချင်နန်၏ နတ်ဘုရားအာရုံထဲမှ ကြေးနီမှန်ပင် ပြင်းထန်စွာ တုန်ခါသွားသည်။ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးသည် အော်ရာကို ထုတ်လွှတ်လိုက်သော်လည်း တစ်စက္ကန့်၏ တစ်ထောင်ပုံတစ်ပုံကိုသာ ခုခံနိုင်လိုက်ပြီး ကြေးနီမှန်သည် ဆူညံသံတစ်ခုထုတ်ဖော်ကာ ပျက်စီးသွားသကဲ့သို့ တိတ်ဆိတ်သွားသည်။
ပတ်ဝန်းကျင်မှာ လျင်မြန်စွာ ပြောင်းလဲသွားသည်။
ပလ္လင်ပျောက်ကွယ်သွားသည်။ ရတနာသိုက်မှာလည်း ပျောက်ကွယ်သွားပြီး သူ၏ ဝန်းကျင်တွင် မည်သည့်အရာမျှ မရှိတော့ပေ။ ထိုနေရာသည် တစ်ချိန်က ချင်နန်၏ စိတ်ထဲမှ ရှေးဟောင်းအိပ်မက်ဖြစ်လာသည်။
အဆုံးမဲ့အမှောင်ထုနှင့် ရှေးဟောင်းကမ္ဘာသည် လေထဲ၌ လွင့်မျောနေသည်။
BINABASA MO ANG
အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)
Adventureလန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ့်ဆုံးဖြစ်နေခဲ့ပါတယ်။ အဆင့်နိမ့် သိုင်းဝိညာဉ်ကြောင့် နံပါတ်တစ်ဂျီးနီးယပ် တစ်ယောက်အဖြစ်ကနေ အသုံးမကျတ...