အပိုင်း (၆၅၆) အဓိကတုံးများစွာချင်နန်သည် သိုလှောင်အိတ်များကို ယူကာ စစ်နတ်ဘုရား၏ ဘယ်ဘက်မျက်လုံးဖြင့် စစ်ဆေးပြီးနောက် ၎င်းတို့သည် အဘယ်ကြောင့် မပျက်စီးကြောင်း ချက်ချင်းနားလည်လိုက်သည်။
ကုန်သွယ်ရေးမဟာမိတ်မှ ဤသိုလှောင်အိတ်များသည် အလွန်ထူးခြားလှပြီး အကာအကွယ်အလွှာများ တိုးမြှင့်ထားသောကြောင့် ဖြစ်သည်။ ကြီးမားသော အင်အားသက်ရောက်မှုခံရသည့်တိုင် ၎င်းတို့သည် မပျက်စီးသွားခဲ့ပေ။
"ဒီလိုဆိုတော့ ငါကံကောင်းတာပဲ"
ချင်နန် ပြုံးလိုက်ပြီး အကာအကွယ်ကို ဖျက်ဆီးကာ ၎င်းတို့ကို စစ်ဆေးလိုက်သည်။
အကြည့်တစ်ချက်နှင့်ပင် သူ၏ မျက်နှာ ဟာလာဟင်းလင်းဖြစ်သွားသည်။
တုဖန်း၏ ခန္ဓာကိုယ်ထဲ၌ အဓိကတုံး ငါးသိန်း၊ ဧကရာဇ်လက်နက်တစ်ဆယ်ခုကျော်၊ ထွတ်မြတ်လက်နက်အတိုအထွာအနည်းငယ်နှင့် ရှေးဟောင်းမြေပုံတချို့ ရှိသည်။
တုရွမ်၏ သိုလှောင်အိတ်ထဲတွင် အဓိကတုံးရှစ်သိန်း၊ ဧကရာဇ်လက်နက်ဆယ်ချီနှင့် ထွတ်မြတ်လက်နက်အဆိုအထွာဆယ်ချီရှိသည်။
တုဖင်း၏ သိုလှောင်အိတ်ထဲတွင် သူသည် စုစုပေါင်းအဓိကတုံးတစ်သန်းခုနှစ်သိန်း၊ ဧကရာဇ်လက်နက်ရာကျော်နှင့် ထွတ်မြတ်လက်နက်တစ်ခုကို တွေ့ခဲ့ရသည်။
ထို့ပြင် သူတို့တစ်ဦးချင်းစီ၌ နီလာတံဆိပ်ငါးဆယ်စီပင် ရှိနေသည်။"ဘောပဲ"
ချင်နန်ပင် မနေနိုင်ဘဲ ဆဲရေးလိုက်သည်။အဓိကတုံးများ တစ်ခုတည်းကပင် သုံးသန်းရှိပေသည်။
ဧကရာဇ်လက်နက်များ၊ ထွတ်မြတ်လက်နက်အတိုအထွာများ၊ ဆေးလုံးများနှင့် ထွတ်မြတ်လက်နက်တစ်ခုသည် အနည်းဆုံးတစ်သန်းတန်ပေသည်။
တစ်နည်းဆိုရပါက သူတို့ သိုလှောင်အိတ်များ၏ စုစုပေါင်းတန်ဖိုးမှာ အဓိကတုံး လေးသန်းဝန်းကျင်ခန့်ရှိပေသည်။ လိပ်နက်တပ်စုတွင်ပင် အဓိကတုံး ဤမျှလောက် မရှိပေ။
ကုန်သွယ်ရေးမဟာမိတ်သည် ရွံ့စရာကောင်းလောက်အောင် ကြွယ်ဝလွန်းလှသည်။"ဒီသုံးယောက်ကတင် အရမ်းချမ်းသာနေပြီ... ကျူးဟန်ရဲ့ အိတ်ထဲမှာဆို ဘယ်လောက်တောင် ရှိလိမ့်မလဲ..."
ချင်နန်၏ အသက်ရှူမှု ပြင်းထန်လာသည်။
YOU ARE READING
အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)
Adventureလန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ့်ဆုံးဖြစ်နေခဲ့ပါတယ်။ အဆင့်နိမ့် သိုင်းဝိညာဉ်ကြောင့် နံပါတ်တစ်ဂျီးနီးယပ် တစ်ယောက်အဖြစ်ကနေ အသုံးမကျတ...