၈၀၁ - ၈၀၅

650 60 0
                                    


အပိုင်း (၈၀၁) အလယ်စက်ဝိုင်းစိတ်မြို့

    ရက်အနည်းငယ်ကြာပြီးနောက် ချင်နန်သည် အဆုံးမဲ့သမုဒ္ဒရာကို ဖြတ်ကာ အလယ်ပိုင်းတိုက်ကြီးသို့ ရောက်လာသည်။

     “ချင်နန် တကယ်လို့ မင်း နဂါးအင်ပါယာကလန်ကို သွားဖို့ စီစဉ်ထားရင် အလယ်စက်ဝိုင်းစိတ်မြို့ကို သွားရမယ်…မင်း အဲဒီမြို့ကို ကြေးသွေးမြို့ကနေ တည်နေရာကူးသွားလို့ရတယ်"
   အခရာချီရရှိရန် အခွင့်အရေးရှိသည်ကို သိရှိပြီးနောက် ခွေးနှစ်ကောင်သည် ယခင်ကကဲ့သို့ စိတ်မပျက်တော့ဘဲ အလွန်တက်ကြွနေကြသည်။

     “အလယ်စက်ဝိုင်းစိတ်မြို့"
    ချင်နန်၏ မျက်လုံးများထဲ၌ သံသယများပြည့်နှက်သွားသည်။

     “ဒီအလယ်စက်ဝိုင်းစိတ်မြို့က ကြယ်နှစ်ပွင့်အဖွဲ့အစည်းအမျိုးမျိုးက တည်ဆောက်ထားတဲ့ဟာပဲ…မြို့ထဲမှာ တည်နေရာကူးပြောင်းခြင်းမုခ်တွေကို တည်ဆောက်ထားပြီး ကြယ်နှစ်ပွင့်အဖွဲ့အစည်းတွေနဲ့ ကြယ်သုံးပွင့်အဖွဲ့အစည်း‌တွေဆီကို တိုက်ရိုက်သွားလို့ရတယ်…ဟီး…ဟီး…ချင်နန် ဒါကို စဉ်းစားကြည့်လိုက်…တကယ်လို့ ကျင့်ကြံသူတစ်ယောက်က အလယ်ပိုင်းတိုက်ကြီးက အဖွဲ့အစည်းရာချီကို ကိုယ့်ဘာသာ ခရီးသွားမယ်ဆိုရင် သူတို့ရဲ့ ကျင့်ကြံမှုသိုင်းဘုရင်၊ သိုင်းဘီဘင်နှင့် သိုင်းသူတော်စင်အဆင့်မ‌ရောက်ရင် ခရီးမှာတင် အမောစို့ပြီး သေသွားလိမ့်မယ်"
     ဝါကြင့်ရယ်မောကာ ပြောလိုက်သည်။
    အကြောင်းအရင်းတချို့ကြောင့် သူသည် ချင်နန်အား ရှင်းပြနေရခြင်းကို အလွန်ပျော်ရွှင်နေသည်။
     မင်းက မယုံနိုင်လောက်အောင် ကံကောင်းပြီး ထူးခြားတဲ့ ပါရမီပိုင်ဆိုင်ထားတော့ကော ဘာဖြစ်လဲ…မင်းငါ့ကို မှီခိုနေရသေးတာပဲမလား…

    “ကျုပ်နားလည်ပြီ"
    ချင်နန် ခေါင်းညိတ်လိုက်၏။ သူသည် ကြေးသွေးမြို့သို့ ပျံသန်းသွားကာ အဓိကတုံးတချို့ပေးလိုက်ပြီး တည်နေရာကူးပြောင်းခြင်းမုခ်မှ တည်နေရာကူးလာခဲ့သည်။

   သူမုခ်ထဲမှ ထွက်လိုက်သည်နှင့် ချင်နန် သူ၏ ပတ်ဝန်းကျင်မှ ဆူညံသံများကို ကြားလိုက်ရသည်။
   တစ်စုံတစ်ယောက်သည် သဲကန္တာရမှ ကမ္ဘာပေါ်တွင် လူအစည်ကားဆုံးအရပ်သို့ ရောက်ရှိလာသကဲ့သို့ပင် ဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now