၅၇၁ - ၅၇၅

580 55 1
                                    


အပိုင်း (၅၇၁) လော့ဟဘ်ဥယျာဉ်နှင့် ဆက်နွှယ်သည့် စာလိပ်

     ကျန်းပိလန်သည် ယခုအချိန်၌ ဤကဲ့သို့ပြောလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

     “ပူးပေါင်းမယ်...နင့်လို ကောက်ကျစ်တဲ့ဟာမက ငါတို့နဲ့ ပူးပေါင်းချင်တာလား"
    လောင်ဂူး အထင်သေးစွာဖြင့် ကြည့်လိုက်သည်။

     ချင်နန် မျက်မှောင်ကြုတ်သွားသည်။

     ယခင်က ဆန်းကြယ်နယ်မြေခန်းမတွင် ကျန်းပိလန်သည် သူမည်သူမည်ဝါဖြစ်ကြောင်းကို သိရှိခဲ့သော်လည်း သူမသည် ၎င်းအား အဖွဲ့အစည်းလေးခုကို မပြောခဲ့ပေ။ အကယ်၍ သူမည်သူမည်ဝါဖြစ်ကြောင်းသာ ပေါက်ကြားသွားပါက အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံး ရူးသွပ်သွားကြမည်ကို လူတိုင်း သိရှိကြပေသည်။
     ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုအပါအဝင် အာဏာပိုင်များသည် ချက်ချင်းဤနေရာသို့ လာကြကာ ချင်နန်အတွက် လွတ်မြောက်ရန် အခွင့်အရေးမရှိပေ။
     ယခုအချိန်၌ သူမသည် ပူးပေါင်းရန် ပြောနေသည်။

    သူမ ဘာလုပ်ဖို့ ကြံနေတာလဲ..

    “အပိုစကားတွေ မပြောနဲ့"
    ချင်နန်သည် သူ၏ လက်ထဲမှ ဆေဘာကို ဝှေ့ယမ်းလိုက်ပြီး သူ၏ မျက်လုံးများထဲမှ သံသယများထဲတွင် အေးစက်မှုများ အစားထိုးလာသည်။
    ကျန်းပိလန် နတ်ဆိုးချိုင့်ဝှမ်းလွင်ပြင်တွင် လုပ်ခဲ့သည့် အရာကို သူမည်သို့မျှ မေ့နိုင်လိမ့်မည် မဟုတ်ပေ။
    မင်းသမီးမြောင်မြောင်သည် သေလုနီးပါးပင် ဖြစ်ခဲ့ပြီး သူမ၏ အရေးပါသော အတိဒုက္ခသည်လည်း ဖြိုခွင်းခြင်းခံခဲ့ရသည်။ သူသည် သူမကို မည်သို့မျှ ခွင့်မလွှတ်နိုင်ပေ။
     သူ၏ နှလုံးသားထဲမှ မုန်းတီးခြင်းကို ကျန်းပိလန်၏ သွေးဖြင့်သာ ဆေးကြောနိုင်လိမ့်မည်ဖြစ်သည်။

      “ဒါက လော့ဟဘ်ဥယျာဉ်အတွက် အရေးကြီးတယ်...ဒါက မင်းသမီးမြောင်မြောင်အတွက်ပဲ..."
     ကျန်းပိလန် သူတို့၏ တုံ့ပြန်မှုကို မြင်ပြီးနောက် ပြောလိုက်သည်။

     ချင်နန်နှင့် လောင်ဂူးတို့၏ လုပ်ရပ်များ ရပ်တန့်သွားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now