၁၇၁ - ၁၇၅

758 67 0
                                    


အပိုင်း (၁၇၁) ရှောင်ချင်းရွှဲ့၏အတိတ်

     အမှတ်လေးဆယ့်သုံးနေအိမ်မှ ထွက်လာပြီးနောက် ချင်နန်သည် သူ၏နေအိမ်သို့ ပြန်လာခဲ့သည်။ ထို့နောက် သူသည် တင်ပျဉ်ခွေထိုင်ကာ စတင်ကျင့်ကြံရန် ပြင်လိုက်သည်။
     ချင်နန်သည် အိုးရန်ကျင်း၏ ခြိမ်းခြောက်မှုကို ခေါင်း‌ထဲပင် ထည့်မထားပေ။
     သို့သော်လည်း ချင်နန် စတင်မကျင့်ကြံရသေးခင်မှာပင် သူ၏ အမှတ်သုံးနေအိမ်သို့ ဧည့်သည်တစ်ယောက်‌ ရောက်လာခဲ့သည်။ ဂွန်ယောင်ပင်ဖြစ်သည်။
     သူ ဂွန်ယောင်နှင့် ‌မတွေ့ဆုံရသည်မှာ လ၀က်ခန့်ရှိပြီ ဖြစ်သည်။ ဤကာလအတောအတွင်းတွင် ဂွန်ယောင်၏ ခန္ဓာကိုယ်မှ ထုတ်လွှင့်နေသော အော်ရာသည် ပို၍ ပြင်းထန်လာသောကြောင့် သူ၏ ကျင့်ကြံမှုအဆင့် တိုးတက်လာသည်မှာ သေချာပေသည်။

     “ချင်နန် ...မင်းက အရမ်းကို လျှို့ဝှက်လွန်းတဲ့ကောင်ပဲကွ...မင်ဆီမှာ ဝှက်ဖဲတွေ ဘယ်လောက်တောင်ရှိလဲ...ငါတောင် မင်းကို မခန့်မှန်းနိုင်တော့ဘူး..."
     ဂွန်ယောင်သည် အိမ်ထဲသို့ ၀င်လာရင်း မေးခွန်းထုတ်အပြစ်တင်သည့် ပုံစံဖြင့် ပြောလိုက်သည်။

     သို့သော်လည်း သူ၏ မျက်နှာထက်တွင် ကျေနပ်အားရသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
     အကြောင်းမှာ ဂွန်ယောင်၏ နှလုံးသားထဲတွင် ချင်နန်ကို သူ၏ ညီတစ်ယောက်အဖြစ် သတ်မှတ်ထားသည်။ ထို့ကြောင့်သူ၏ညီတွင် ဟွှာအဆင့်တစ်ဆယ်သိုင်းဝိညာဉ် ရှိနေကြောင်းကို သိရှိရသောအခါ သူ အလွန်ပျော်ရွှင်နေပေသည်။

      ချင်နန်၏ မျက်နှာထက်တွင် အပြုံးတစ်ခုထွက်ပေါ်လာပြီး
     “အစ်ကိုယောင်...ငါမင်းကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့တာမဟုတ်ပါဘူး...ငါမင်းကို ပြောပြော မပြောပြော ဒါက ငါတို့ကြားမှာ အရေးပါတဲ့ ကိစ္စမဟုတ်လို့ပါ...ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ညီအကို တွေပဲလေ"

     “ဟား...ဟား...ငါဒီစကားကို ကြိုက်တယ်"
     ဂွန်ယောင်သည် ခေတ္တရယ်မောပြီးနောက် သူ၏ မျက်နှာ ချက်ချင်းပင် တည်တံ့သွားသည်။

     ချင်နန်သည် ဂွန်ယောင်၏ ပြောင်းလဲမှုကို သတိထားမိသွားပြီး ချက်ချင်းမေးမြန်းလိုက်သည်။
     “အစ်ကိုယောင် ဘာဖြစ်လို့လဲ"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Tempat cerita menjadi hidup. Temukan sekarang