၃၈၆ - ၃၉၀

626 65 0
                                    


အပိုင်း (၃၈၆) မီးနှင့်ရေ ပြည်ထောင်စု

       ဆေးဝါးသန့်စင်ခြင်းသည် ဆေးပင်များအား ခွဲခြားရခြင်းနှင့် မတူညီပေ။

       ဆေးပင်များအား ခွဲခြားရန်အတွက် တစ်စုံတစ်ယောက်သည် မျက်လုံးပညာရပ် သို့မဟုတ် စွမ်းရည်တစ်ခုခု အစရှိသည်တို့ကို အသုံးပြုနိုင်ပေသည်။
      သို့သော်လည်း ဆေးလုံးများ သန့်စင်ခြင်းမှာမူ ဆေးလုံးသန့်စင်သည့် အတွေ့အကြုံ၊ ဆေးလုံးဖော်စပ်မည့်နည်းလမ်း၊ ဖြစ်စဉ်တစ်ခုလုံးအား ထိန်းချုပ်နိုင်မှု၊ ပါရမီ အစရှိသည်တို့ကို လိုအပ်ပေသည်။ ဆေးပညာရှင်တစ်ယောက်ဖြစ်လာမှသာ ဆေးလုံးတစ်လုံးကို သန့်စင်နိုင်လိမ့်မည်ဖြစ်သည်။
      အထက်တွင်ဖော်ပြခဲ့သော စံများထဲမှ တစ်ခုခုမရှိလျှင်ပင် ဆေးအိုးပေါက်ကွဲပြီး ဆေးလုံးပျက်စီးသွားလိမ့်မည်ဖြစ်သည်။
       ထို့ကြောင့် ပထမအဆင့်စာမေးပွဲတွင် ချင်နန် အမှတ်ပြည့်ရခဲ့သော်လည်း သူ့အား မည်သူမျှ ဆေးပညာရှင်တစ်ယောက်ဟု ယုံကြည်ထားခြင်း မရှိပေ။
       စာမေးပွဲဖြေဆိုမည့် လူများသည် ဆေးလုံးသန့်စင်ရန် အလျင်မလိုကြပေ။ သူတို့သည် ပေးအပ်ထားသည့် ဆေးပင်များအားကြည့်ကာ မည်သည့်ဆေးလုံး‌ဖော်စပ်သင့်ကြောင်းကို စဉ်းစားနေကြသည်။

       “သင့်တော်တဲ့ ဆေးဖော်မြူလာတစ်ခုခု ရှာရမဲ့အချိန်ပဲ"
       ချင်နန် နတ်ဆိုးအမြုတေအရှင်၏ မှတ်ဉာဏ်များကို စတင်ရှာဖွေလိုက်သည်။

       နတ်ဆိုးအမြုတေအရှင်သည် မရေမတွက်နိုင်သည့် ဆေးဖော်မြူလာများကို ကျွမ်းကျင်သော ရွယ်အဆင့်တစ်ဆယ်ဆေးပညာရှင်ဖြစ်သည်။ ခဏကြာပြီးနောက် ချင်နန်သည် စန္ဒာမီးဆေးလုံးကို သန့်စင်ရန်အတွက် ဆေးဖော်မြူလာတစ်ခုကို ရွေးချယ်လိုက်သည်။
       ဤစန္ဒာမီးဆေးလုံးသည် သန့်စင်ရန် မခက်ခဲပေ။ အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့ပါက ၎င်းထဲတွင် လနှင့် မီး၏ စွမ်းအားပါဝင်ပြီး မီးဒြပ်သိုင်းပညာကို လေ့ကျင့်သည့် ကျင့်ကြံသူအတွက် အလွန်အကျိုးများပေသည်။
      သူ၏ ဆေးဖော်မြူလာကို ရွေးချယ်ပြီးနောက် ချင်နန်သည် ဆေးလုံးကို ချက်ချင်းမသန့်စင်ခဲ့ပေ။ သူသည် စာမေးပွဲဖြေသူများကို ကြည့်ရှုလိုက်သည်။
      အဆုံး၌ ၎င်းသည် သူ၏ ပထမဦးဆုံးအကြိမ် ဆေးဝါးသန့်စင်ရမည်ဖြစ်သည်။ အတွေ့အကြုံမရှိသောကြောင့် သူ မမြင်ဖူးသည့် အရာများစွာ ရှိပေသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now