၅၉၁ - ၅၉၅

578 62 3
                                    


အပိုင်း (၅၉၁) နှစ်ပေါင်းတစ်ရာကျော်ကြာသွားပြီ...ဒါက ခင်ဗျားလိုချင်တဲ့အရာလား

     လင်ဖန်းရှောင်သည် သွမ့်ချင်းကို ကြည့်လိုက်သည်။ ၎င်းကို မေးခွန်းတစ်ခုဟု ခံစားရသော်လည်း အမှန်တကယ်တွင်မူ သူသည် လှောင်ပြောင်နေခြင်းဖြစ်သည်။

     နဂါးတွင်းနက်ဆန်းကြယ်နယ်မြေကို မုန်တိုင်းထန်စေခဲ့သော သွမ့်ချင်းကို သူသိကြောင်းပြောစရာမလိုပေ။ သတင်းကိုစကြားသည့်အချိန်၌ လင်ဖန်းရှောင် ၎င်းကို မယုံကြည်ခဲ့သော်လည်း စုံစမ်းစစ်ဆေးပြီးသည့်နောက်တွင် သွမ့်ချင်း၏ စွမ်းရည်များကို သူလက်ခံလိုက်ရသည်။ သို့ရာတွင် သူသည် သွမ့်ချင်းကို များစွာမျှော်လင့်ထားခြင်းမရှိပေ။
   အဆုံး၌ တပ်စုများထဲတွင် ကျားဖြူတပ်စုသည် အသန်မာဆုံးဖြစ်နေဆဲဖြစ်ပြီး တိဖန်းယွင်နှင့် ကောင်းကင်ကျားဖြူသည် သူ့ကို အလွန်သတ်ချင်နေသည်။ ကျိုးပိဟွှာ ကာကွယ်ပေးထားလျှင်ပင် သူ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။

    “ဒါအမှန်ပဲ"
    ကျိုးပိဟွှာ မျက်မှောင်ကြုတ်သွားသည်။
    “မင်းငါ့ကို မယုံဘူးလား"

    “မယုံဘူးလား"
    လင်ဖန်းရှောင် အေးစက်စွာ ပြုံးလိုက်ပြီး သူ၏ မျက်လုံးထဲ၌ အလွန်အထင်သေးမှုများ ဖြစ်ပေါ်သွားသည်။

    နိုင်ငံကာကွယ်သူလိပ်နက်ကို ပြန်ရှင်အောင်လုပ်ပေးမယ်...ဟုတ်လား...

   သူတို့သည် နှစ်ပေါင်းများစွာ အတွင်းတွင် မရေမတွက်နည်းလမ်းများ၊ မရေမတွက်နိုင်သော ဆေးဝါးများဖြင့် ကြိုးစားခဲ့သော်လည်း မည်သို့မျှ ထူးခြားခြင်းမရှိခဲ့ပေ။ သူတို့သည် နိုင်ငံကာကွယ်သူလိပ်နက်၏ အသက်စွမ်းအားကိုပင် တည်ငြိမ်အောင် မလုပ်နိုင်ခဲ့ပေ။ ပြန်လည်ရှင်သန်ရန်မှာ ပို၍ဝေးစွာပင်...
     အခု သိုင်းသခင်အထွတ်အထိပ်အဆင့်လေးသွမ့်ချင်းက ပြန်ရှင်အောင် လုပ်ပေးနိုင်တယ်လို့ မင်းပြောနေတာလား...

     ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်ပြောခဲ့စဉ်က သူသည်လည်း ချင်နန်လုပ်နိုင်မည်ဟု မယုံကြည်ခဲ့သောကြောင့် ကျိုးပိဟွှာ ဒေါသထွက်ခြင်းမရှိပေ။ သူသည် ချက်ချင်းပင် လေးနက်တည်ကြည်သော အသံဖြင့် ပြောလိုက်သည်။
    “လင်ဖန်းရှောင် ငါတို့ကြားမှာ ဖြေရှင်းဖို့ လိုတဲ့အရာရှိပေမဲ့ ငါအခုတကယ်အတည်ပြောနေတာ...သွမ့်ချင်းက နိုင်ငံကာကွယ်သူလိပ်နက်ကို တကယ်ပြန်ရှင်အောင် လုပ်ပေးနိုင်တယ်...မင်း ငါတို့ စကားကို ယုံသင့်တယ်...မင်းငါတို့ကို ခေါ်သွားသင့်တယ်"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now