အပိုင်း (၇၅၁) သိုင်းဘီဘင်များ၏ သစ္စာဖောက်မှု
“သားရဲဆင်းသက်ခြင်း"“လုံယန်ကျမ်း"
လောင်ဂူးနှင့် ယုလျိုရှားတို့ အော်ဟစ်လိုက်သည်။ မရေမတွက်နိုင်သော သားရဲပုံရိပ်များထွက်ပေါ်လာပြီး မရေမတွက်နိုင်သော မက်မွန်ပွင့်ချပ်များသည် ရှေးဟောင်းလက်ရေးစာမူတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
တိုက်ခိုက်မှုများမှာ အလွန်အစွမ်းထက်လှသည်။
သို့သော်လည်း…သူတို့သည် ဂျီးနီးယပ်များ၊ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ရာကျော်တို့နှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။
တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် ဂျီးနီးယပ်များ၏ ရတနာပစ္စည်းများ ရှေးဟောင်းသိုင်းပညာများနှင့် ရင်ဆိုင်ရသည့်အခါ သူတို့၏ တိုက်ခိုက်မှုများ အားနည်းသွားကြသည်။
သူတို့နှစ်ဦး ဦးရေထုံသွားကြပြီး သန်မာသောသေခြင်းတရားအငွေ့အသက်ကိုခံစားရကာ သူတို့၏ နှလုံးသားများ တုန်လှုပ်သွားကြသည်။သို့ သော်လည်း ၎င်းသည် အရေးပါသလော…
သူတို့သည် ချင်နန်အတွက် အနည်းဆုံး အသက်တစ်ရှိုက်စာ အချိန်ဆွဲပေးနိုင်ရမည်ဖြစ်သည်။
“ချင်နန် မင်းလုပ်ရဲလား"
မူထျန်ရှင် အလျင်အမြန်တုံ့ပြန်လိုက်ပြီး သူ၏ လက်ကို ဆန့်ထုတ်ကာ မူကလန်၏ တပည့်များကို ဆွဲခေါ်လိုက်သည်။ သူ၏ မျက်လုံးများ ရက်စက်စွာဖြင့် အရောင်လက်သွားသည်။
သူ၏ ဝှက်ဖဲကို အသုံးပြုဖို့ အချိန်တန်ပြီဖြစ်သည်။“အဆုံးမဲ့ သေခြင်းတရားရဲ့ တွင်းနက်ကို ဖွင့်လှစ်ခြင်း…"
“ငရဲသုံးဆယ့်ရှစ်လွှာ…"
“မသေခြင်းတရား"
ထိုအချိန်၌ ကျန်းပိလန်၏ မျက်လုံးများ စူးရှသွားပြီး သူမ၏ ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအားကို လောင်ကျွမ်းကာ သေမင်းချီများနှင့် လျှို့ဝှက်ပညာရပ်ကို အသုံးပြုလိုက်သည်။
ဘန်း…
ဒိုဂျိုပေါ်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်ပေါက်လာသည်။
အက်ကွဲကြောင်းပွင့်လာသောအခါ အက်ကွဲကြောင်းသည် မတူညီသော အခြားကမ္ဘာတစ်ခုမှ ဝင်ပေါက်နှင့် တူညီပြီး အက်ကွဲကြောင်းထဲမှ မရေမတွက်နိုင်သော သေလွန်ပုံရိပ်များ ထွက်ပေါ်လာကာ တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် ဂျီးနီးယပ်များကို တိုက်ခိုက်လိုက်သည်။
“ချေးပဲ…သူက ဘယ်လိုလုပ် ဒီလို စွမ်းအားပိုင်ဆိုင်တာလဲ"
မူထျန်ရှင် တုန်လှုပ်သွားသည်။ သူသည် သေလွန်ပုံရိပ်များကြောင့် နောက်ဆုတ်သွားရပြီး သူ၏ အစီအစဉ်ပျက်စီးသွားသည်။
YOU ARE READING
အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)
Adventureလန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ့်ဆုံးဖြစ်နေခဲ့ပါတယ်။ အဆင့်နိမ့် သိုင်းဝိညာဉ်ကြောင့် နံပါတ်တစ်ဂျီးနီးယပ် တစ်ယောက်အဖြစ်ကနေ အသုံးမကျတ...