အပိုင်း (၈၃၁) အကြံပေးခြင်း
အကုန်သိခြင်းစာလိပ်၌ မှတ်တမ်းတင်ထားသည့် အရာများကို အကြမ်းဖျင်းမှတ်သားရန်အတွက် ချင်နန်အချိန်ငါးနာရီကြာ ယူခဲ့ရသည်။
၎င်းသည် သူ့အား အလယ်ပိုင်းတိုက်ကြီးအကြောင်းကို ပို၍နားလည်လာစေခဲ့သည်။"တကယ်အံ့ဩဖို့ကောင်းတာပဲ...ဒီအလယ်ပိုင်းတိုက်ကြီးက စိတ်ဝင်စားဖို့ကောင်းတယ်...ဒါပေမဲ့"
ချင်နန် မျက်မှောင်ကြုတ်နေ၏။
"စာလိပ်အတိုင်းဆိုရင် ဒီဧကရာဇ်သလင်းပြားတွေက အလွယ်တကူရှာနိုင်တဲ့အရာမဟုတ်ဘူး..."သူ ဧကရာဇ်သလင်းပြားငါးထောင်ရရှိသည်ကို ကြည့်ကာ လူအုပ်ကြီး အဘယ်ကြောင့် အလွန်အံ့အားသင့်ခဲ့ကြောင်းကို ချင်နန် နောက်ဆုံး၌ နားလည်သွားသည်။
ပုံမှန်အားဖြင့် ဧကရာဇ်သလင်းပြားနှစ်ရာသည် ဘုရင်သိုင်းပညာတစ်ခုကို ဝယ်ရန်လုံလောက်ပြီး ဧကရာဇ်သလင်းပြားတစ်ထောင်နှင့် သုံးထောင်အကြားသည် ဘုရင်အဆင့်လက်နက်တစ်ခုကို ဝယ်နိုင်ပေသည်။
ထို့ကြောင့် ဧကရာဇ်သလင်းပြားများ မည်မျှအဖိုးတန်ကြောင်း ထင်ရှားနေသည်။
"ဧကရာဇ်သလင်းပြားငါးထောင်ကတောင် နတ်ဘုရားသိုင်းဝိညာဉ်အဆင့်တက်ဖို့ မလုံလောက်ဘူး...တျန်အဆင့်နှစ်ကို တက်ဖို့က အနည်းဆုံးနောက်ထပ်ငါးထောင်လိုမယ်လို့ ငါထင်တယ်"
ချင်နန် ရေရွတ်လိုက်သည်။
"ကြည့်ရတာ ငါနဂါးအင်ပါယာကလန်က တာဝန်တချို့ကို လုပ်ရုံကလွဲပြီး တခြားရွေးချယ်စရာမရှိတဲ့ပုံပဲ"ဧကရာဇ်သလင်းပြားများရရှိရန်အတွက် နည်းလမ်းအမျိုးမျိုးရှိပေသည်။ အများစုမှာ ဂိုဏ်းကပေးသည့်တာဝန်ကို လုပ်ဆောင်ခြင်းဖြစ်သည်။
"ချင်နန် မင်းဘာပြဿနာတက်နေတာလဲ"
ထိုအချိန်၌ နူးညံ့သော အသံတစ်သံ ထွက်ပေါ်လာသည်။ ဝိညာဉ်ခြောက်ခုနဂါးသွေးကြောပင်ဖြစ်သည်။ချင်နန်သည် ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာအား ပိုင်ဆိုင်သည်ကို သိရှိပြီးနောက် သူ၏ မျက်လုံးထဲ၌ ချင်နန်ကို ပို၍ပင် သဘောကျလာခဲ့သည်။
VOCÊ ESTÁ LENDO
အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)
Aventuraလန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ့်ဆုံးဖြစ်နေခဲ့ပါတယ်။ အဆင့်နိမ့် သိုင်းဝိညာဉ်ကြောင့် နံပါတ်တစ်ဂျီးနီးယပ် တစ်ယောက်အဖြစ်ကနေ အသုံးမကျတ...