၄၃၆ - ၄၄၀

657 66 1
                                    


အပိုင်း (၄၃၆) အနှစ်တစ်ရာပူးပေါင်းကြံစည်မှု

    သောဠသမတောင်၌ ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်သည် လေထဲ၌ ရပ်နေပြီး အချိန်မရွေးသေဆုံးသွားတော့မည်ကဲ့သို့ အားနည်းသော အော်ရာကို ထုတ်ဖော်နေသည်။ သူနှင့် ဆန့်ကျင်ဘက်တွင် ထိပ်ပိုင်းခေါင်းဆောင်ယန်သည် ခေါင်းဆောင်နေရာ၌ ရပ်နေပြီး သူ၏ နောက်တွင် အခြားထိပ်ပိုင်းခေါင်းဆောင်များ၊ ဒုထိပ်ပိုင်းခေါင်းဆောင်များ၊ သံတမန်များ၊ စောင့်ရှောက်သူများ အစရှိသည့် လူအုပ်ကြီး ရှိနေကြသည်။

      ချင်းလုံမြင့်မြတ်နေရာတွင် ဆက်လက်နေရန် ဆုံးဖြတ်ခဲ့သော တပည့်များမှာ ဒေါသထွက်နေကြသည်။

     သူတို့ရဲ့ အရည်အချင်းတွေကို တိုးတက်လာဖို့အတွက် ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်က သူတို့ကို ဘယ်လိုကူညီခဲ့တယ်ဆိုတာ ဒီလူတွေ မေ့နေကြတာလား...

     ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်၏ မျက်နှာသည် တည်ငြိမ်စွာပင် ရှိနေပြီး လူတိုင်းကို ဖြည်းလေးစွာ ကြည့်ရှုလိုက်သည်။ သူ၏ မျက်လုံးများကို တွေ့ဆုံလိုက်ရသည့် လူတိုင်းသည် သူတို့၏ ဆုံးဖြတ်ချက်များကို ရှက်ရွံ့သွားကြပြီး မသိမသာ ခေါင်းငုံ့လိုက်ကြသည်။

      တစ်ခဏကြာပြီးနောက် ချင်းလုံမြင့်မြတ်နေရာခေါင်းဆောင်သည် လေးတွဲစွာ ပြောလိုက်သည်။
     “ငါတို့ရဲ့ကြားက ပတ်သက်ဆက်နွှယ်မှုတွေကြောင့် ဒီနေ့ မင်းတို့ရဲ့ အသက်တွေကို ချမ်းသာပေးလိုက်မယ်...အခုထွက်သွားကြ"

     သူ၏ လေသံမှာ တည်ငြိမ်နေသော်လည်း စကားလုံးများထဲတွင် စိတ်ပျက်သည့် အရိပ်အငွေ့များ ပါဝင်နေသည်။

     “ဟန့်...သွားစို့"
     ထိပ်ပိုင်းခေါင်းဆောင်ယန် တစ်ချက်ရယ်မောလိုက်သည်။ သူ၏ ဦးဆောင်မှုအောက်တွင် လူအုပ်ကြီးသည် ချင်းလုံမြင့်မြတ်နေရာမှ ထွက်ခွာသွားကြသည်။

      တစ်နာရီမပြည့်ခင် အချိန်အတောအတွင်းမှာပင် ချင်းလုံမြင့်မြတ်နေရာတစ်ခုလုံးသည် အသက်မဲ့သွားသကဲ့သို့ လူအနည်းစုသာ ဆက်လက်နေထိုင်ရန် ရွေးချယ်ခဲ့ကြသည်။ ချင်းလုံမြင့်မြတ်နေရာ၏ ယခင်က ခမ်းနားထည်ဝါမှုသည် ပျောက်ဆုံးသွားပြီး ဝမ်းနည်းဖွယ်ရာမြင်ကွင်းတစ်ခု ဖြစ်ပေါ်‌‌နေသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Onde histórias criam vida. Descubra agora