၄၁ မှ ၄၅

947 85 1
                                    


အပိုင်း(၄၁) သိုင်းကျမ်းစာကြည့်တိုက်

     အဖြူရောင်ဆံပင်နှင့်အကြီးအကဲ ထွက်သွားပြီးသည့်နောက်တွင် တပည့်များသည် သူတို့၏အတွေးများကို ပြန်လည်စုစည်းလိုက်ပြီး ဟောင်လုံနှင့် လင်းဇီရှောင်တို့အား ကြောက်ရွံ့မနာလိုစွာ ကြည့်လိုက်သည်။
     ဟောင်လုံသည် အကြည့်များကိုလျစ်လျူရှုလိုက်ပြီး ပြုံးလျှက် ထိုနေရာမှ ချက်ချင်းပင် ထွက်သွားသည်။
     အခြားတစ်ဖက်တွင် လင်းဇီရှောင်သည် ပြုံးရွင်စွာဖြင့် တပည့်များရှိရာသို့လမ်းလျှောက်သွားသည်။ သူသည် တပည့်များနှင့် ရင်းရင်းနှီးနှီး စကားပြောနေသော်လည်း သူ၏မျက်နှာပေါ်တွင် ဂုဏ်‌ယူနေသည့်ဟန်ပန်မှာ အထင်းသားပေါ်လွင်နေသည်။

     “ ဟန့် "
     ရှောင်ချင်းရွှဲ့သည် ထိုမြင်ကွင်းအား မနှစ်မြို့စွာကြည့်နေသည်။
     “ ဒီ လင်းဇီရှောင်က ကြောင်သူတော် တစ်ယောက်ပဲ "
      ရှောင်ချင်းရွှဲ့၏ စိတ်ထဲတွင် လင်းဇီရှောင်အား ရွံရှာနေမှုသည် မိုလီနှင့် တစ်တန်းတည်းပင် ဖြစ်သည်။

     ထိုအချိန်တွင် ချင်နန်သည် စိတ်အားထက်သန်စွာဖြင့်
     “ ချင်းရွှဲ့ ငါ့ကို သိုင်းကျမ်းစာကြည့်တိုက်အကြောင်း ပြောပြပါလား "

     ရှောင်ချင်းရွှဲ့သည် ချင်နန့်၏ ပြုမူပုံကို မြင်လိုက်ပြီးနောက် ပြုံးလိုက်သည်။
     ချင်နန်သည် သိုင်းစွဲလန်းသူ တစ်ယောက်ပီသစွာ သိုင်းပညာနှင့်ပတ်သက်လျှင် အခြား ဘာစိုးရိမ်မှုမှ မရှိတော့ပေ။
     သို့သော်ငြားသည်း ထိုအမူအကျင့်သည်ပင် ရှောင်ချင်းရွှဲ့သူ့ကို အလွန် သဘောကျသည့် အကြောင်းအရင်းတစ်ခု ဖြစ်သည်။

     “ စိတ်ဝိညာဉ်ကျောင်းရဲ့ သိုင်းကျမ်းစာကြည့်တိုက်မှာ သိုင်းကျမ်းတွေပဲ ရှိတာမဟုတ်ဘူး "
    ရှောင်းချင်းရွှဲ့ သည် အ‌ပြုံးရေးရေးဖြင် ဆက်ပြီးပြောလိုက်သည်။
     “ စိတ်ဝိညာဉ်ကျောင်းရဲ့ အစွမ်းထက်ကျင့်ကြံသူတွေ ထားခဲ့တဲ့ ကျင့်ကြံခြင်းအတွေ့အကြုံစာအုပ်တွေလည်း ရှိတယ်၊ အဲ့ဒါတွေက အလွန်အဖိုးတန်တယ်၊ သိုင်းကျမ်းစာကြည့်တိုက်ရဲ့စည်းမျဉ်းက နင်ဝင်သွားတာနဲ့ တစ်ခါတည်း လေ့လာသင်ယူရမယ် "

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Donde viven las historias. Descúbrelo ahora