၅၄၁ - ၅၄၅

633 66 0
                                    


အပိုင်း (၅၄၁) များပြားလှသော အဓိကတုံးများ

    ဤအတောအတွင်းတာအိုရှာဖွေခြင်းတောင်တွင်...

    “ဘာ...သွမ့်ချင်း သူဘယ်သူလဲဆိုတာ ငါ စိတ်မဝင်စားဘူး"
     ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုသည် နက်မှောင်သော မျက်နှာထားဖြင့် အော်ပြောလိုက်သည်။
     “ငါချင်နန့်ရဲ့ သတင်းကိုပဲကြားချင်တယ်...သူက ဘယ်ကိုရောက်နေတာလဲ...အဖွဲ့အစည်းလေးခုလုံး သူ့ကို လိုက်ရှာနေတာ သုံးလရှိသွားပြီ...ဒါပေမဲ့ ငါတို့ သူ့ကို မရှာနိုင်ဘူးလား"
   ခန်းမတစ်ခုလုံးသည် ဂိုဏ်းခေါင်းဆောင်ဝမ်တာအို၏ အမျက်ဒေါသဖြင့် ပြည့်နှက်နေသည်။

     ဝမ်တာအိုအကြီးအကဲများသည် မသာမယာမျက်နှာထားများဖြင့် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။

      ချင်နန် ပျောက်ကွယ်နေရုံသာမက ယခင်က သေမင်းပင်လယ်တွင် သူ၏ အဖွဲ့သားများဖြစ်ကြသည့် ထောင်ချင်းစန့်၊ မင်းသမီးမြောင်မြောင်၊ ဂွန်ယောင်၊ လောင်ဂူး၊ ကျောက်ဖန်း...အစရှိသည့် လူများအားလုံးပင် လေထဲ၌ ပျောက်ကွယ်နေကြသည်။

     “ဆက်ရှာကြ...ဆုကို နှစ်ဆလုပ်လိုက်"
     ဂိုဏ်းခေါင်းဆောင်ဝမ်တာအို ဒေါသထွက်စွာဖြင့် ကျယ်လောင်စွာ အော်လိုက်သည်။

     “နှစ်ဆ"
    ဝမ်တာအိုအကြီးအကဲများ အံ့အားသင့်သွားသည်။

     လက်ရှိအချိန်၌ တစ်စုံတစ်ယောက်သည် ချင်နန်၏ တည်နေရာကို ပြောနိုင်ပါက ထိုလူသည် ဂိုဏ်းခေါင်းဆောင်ဝမ်တာအို၏ တပည့်အဖြစ်ရွေးချယ်ခံရကာ ထွတ်မြတ်လက်နက်လေးခုရရှိမည်ဖြစ်သည်။

     အကယ်၍ ၎င်းကို နှစ်ဆတိုးပါက ထွတ်မြတ်လက်နက်ရှစ်ခုဟု ဆိုလိုသည်မဟုတ်ပါလော...

    “အချိန်မရှိဘူး"
    ဂိုဏ်ခေါင်းဆောင်ဝမ်တာအို အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

    “ကောင်းပါပြီ"

     ထို့နောက် သွမ့်ချင်း၏ နာမည်သည် အထက်ပိုင်းခရိုင် အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံးအား လှုပ်ခါနေသကဲ့သို့ နောက်ထပ်တုန်လှုပ်ဖွယ်ရာသတင်းတစ်ခုသည်လည်း လျင်မြန်စွာ ပျံ့လာသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now