အပိုင်း(၉၆) စိတ်ရှုပ်ခြင်းဂွန်ယောင်၏ ဦးဆောင်မှုအောက်တွင် သူတို့သုံးယောက်သည် ခြံဝန်းတစ်ခုထဲတွင် လှပစွာတန်ဆာဆင်ထားသည့် အဆောက်အဦးတစ်ခုဆီသို့ ရောက်ရှိလာခဲ့ကြသည်။
ချင်နန် အိမ်ထဲသို့ ဝင်လိုက်သည်နှင့် သူ၏စိတ်ကိုကြည်လင်စေကာ သူ၏စွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးသော မွှေးပျံ့သည့်အနံ့တစ်ခုကို ရလိုက်သည်။
“ ဒါက လက်ဖက်ရည်နံ့လား "
ချင်နန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ မေးမြန်းလိုက်သည်။
“ ဟုတ်တယ်...ဒီနေရာကို အတွင်းစည်းတပည့်တစ်ယောက်က ပုံဖော်ပြီး လက်ဖက်ရည်သောက်ဖို့ အထူးတည်ဆောက်ထားတာပဲ "
ဂွန်ယောင် ပြုံးကာ ပြောလိုက်၏။
“ ပြီးတော့ ဒီအခန်းထဲကစကားတွေကို သိုင်းဧကရာဇ်အဆင့်ထက်မကျော်လွန်ပဲ ဘယ်သူမှ ခိုးနားထောင်လို့မရဘူး "ရှင်းပြနေရင်းပင် ဂွန်ယောင်သည် သူတို့နှစ်ဦးကို အခန်းတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားသည်။
အခန်းမှာ သိပ်မကြီးမားချေ။ တစ်ဆယ်စတုရန်းမီတာခန့်သာ ကျယ်ဝန်းပေသည်။ အထူးသဖြင့် သစ်သားစားပွဲပေါ်တွင်တင်ထားသည့် လက်ဖက်ခြောက်ကို သေချာအလှဆင်ထားသည်ကို တွေ့ရသည်။ ခွက်များသည် သလင်းကျောက်များနှင့် တူညီနေပြီး အရစ်လိုင်းများကို အနုစိတ် ပုံဖော်ထားခြင်းသည် နဂါးတစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။
ဂွန်ယောင်သည် ပထမထိုင်ခုံမှာထိုင်လိုက်ပြီးနောက် အချိန်တိုအတွင်းမှာပင် လက်ဖက်ရည်တစ်အိုးကို ကျွမ်းကျင်စွာနှပ်၍ ပြီးဆီးသွားသည်။ ထို့နောက် ခွက်ထဲ ငှဲ့ပေးလိုက်သည်။
ရှောင်ချင်းရွှဲ့သည် သူမ၏ သွယ်လျသောလက်ချောင်းလေးများဖြင့် ခွက်တစ်ခွက်ကို ကိုင်ယူလိုက်သည်။
သူမသည် တစ်ငုံစာသောက်ပြီးသည့်အချိန်တွင် ချင်နန်ကိုကြည့်ကာ ဒေါသထွက်နေသယောင်အသံဖြင့်
“ ချင်နန်...နင်ကအရမ်းဖုံးကွယ်ထားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး...ငါမှာတော့ နင့်အတွက် အရမ်းစိုးရိမ်နေခဲ့ရတာ "ထိုစကားကိုကြားသည့်အခါ ဂွန်ယောင်သည်လည်း ချင်နန်ကိုကြည့်လိုက်သည်။ သူသည်လည်း သူ၏ညီငယ်က အံ့ဩဖွယ်ရာအဖြစ်အပျက်များကို မည်သို့လုပ်ဆောင်ခဲ့သည်ကို သိချင်နေမိသည်။
VOCÊ ESTÁ LENDO
အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)
Aventuraလန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ့်ဆုံးဖြစ်နေခဲ့ပါတယ်။ အဆင့်နိမ့် သိုင်းဝိညာဉ်ကြောင့် နံပါတ်တစ်ဂျီးနီးယပ် တစ်ယောက်အဖြစ်ကနေ အသုံးမကျတ...