အပိုင်း (၇၄၁) လူတွေက ငါ့ကို ငရဲသိုင်းဘီဘင်လို့ ခေါ်တယ်အဝေးမှ ကြည့်လိုက်ပါက ချင်နန်၏ ခန္ဓာကိုယ်တွင် ခရမ်းရောင်အလင်းတစ်ခုထွက်ပေါ်နေသည်ကို တွေ့မြင်နိုင်ပြီး ရှေ့သို့ လျင်မြန်စွာ ရွေ့လျားလာကာ မကြာခင်၌ နန်းတော်သို့ ရောက်ရှိလာသည်။ သူ၏ နောက်၌ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် မကောင်းသော ဝိညာဉ်များကို ခုခံကာ သူတို့သည်လည်း နန်းတော်သို့ ရောက်ရှိလာကြသည်။
ထိုအချိန်၌ ချန်ထျန်ကူတို့လူစုသည် အရိုးစုတပ်ကို ကျော်ဖြတ်ရန် အခက်အခဲများနှင့် ကြုံတွေ့နေရသည်။ဂျီးနီးယပ်ခုနှစ်ယောက်သည် မှုန်ကုတ်သော မျက်နှာထားများဖြင့် ရှိနေကြသည်။
“ငါတို့ အချိန်ကို ဒီလိုမဖြုန်းနိုင်ဘူး"
ချန်ထျန်ကူ၏ မျက်လုံးများ စူးရှသွားပြီး သူ၏ နောက်မှ ရွှေရောင်ရောင်ခြည်တန်းများ ထွက်ပေါ်လာသည်။
ထို့နောက် နားအူဖွယ်ရာအော်သံတစ်သံနှင့်အတူ ရွှေရောင်မီးလျှံများ ဖုံးလွှမ်းနေသည့် ငှက်ကြီးတစ်ကောင်ထွက်ပေါ်လာသည်။ အခြားငှက်များနှင့် ခြားနားစွာပင် ၎င်းထံတွင် ခြေသုံးချောင်းရှိပေသည်။ခြေသုံးချောင်းရွှေငှက်သိုင်းဝိညာဉ်…
“လာခဲ့"
ချန်ထျန်ကူ ကျယ်လောင်စွာ အော်လိုက်သည်။ ခြေသုံးချောင်းရွှေငှက်သည် သူ၏ အတောင်များကို ဖြန့်ကာ အရိုးစုတပ်ဆီသို့ တဟုန်ထိုး ဆင်းသက်လာပြီး အဆက်မပြတ်ပေါက်ကွဲမှုများ ဖြစ်ပွားသွားသည်။အရိုးစုများ အတုံးအရုံးကျရှုံးသွားကြသည်။
ဂျီးနီးယပ်ခုနှစ်ယောက်သည် မကြာမီ၌ အနက်ရောင်လမ်းကြောင်းသို့ ရောက်ရှိသွားသည်။
“ငါ့ရဲ့ မီးလျှံတွေက မကောင်းတဲ့ ဝိညာဉ်တွေကို မဖယ်ရှားနိုင်ဘူး"
ချန်ထျန်ကူ အခြားသူများကို ကြည့်လိုက်သည်။“လေးဖက်ဝန်းရံစင်ကြယ်ခြင်းဝင်္ကပါ"
မူထျန်ရှင်၏ မျက်လုံးများ အရောင်လက်သွားကာ ရှေ့သို့ တက်လိုက်သည်။
သူသည် မူကလန်မှ တပည့်သုံးယောက်ကို ကြည့်လိုက်ပြီး လက်ဟန်သင်္ကေတများ ပြုလုပ်ကာ အပြာရောင်အလင်းများ ထွက်ပေါ်လာကြသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် စင်ကြယ်သော အော်ရာနှင့် ကြီးမားသော ဝင်္ကပါတစ်ခု ဖြစ်ပေါ်လာသည်။
မကောင်းသောဝိညာဉ်များပင် ဝင်္ကပါကို မထိုးဖောက်နိုင်ပေ။
KAMU SEDANG MEMBACA
အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)
Pertualanganလန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ့်ဆုံးဖြစ်နေခဲ့ပါတယ်။ အဆင့်နိမ့် သိုင်းဝိညာဉ်ကြောင့် နံပါတ်တစ်ဂျီးနီးယပ် တစ်ယောက်အဖြစ်ကနေ အသုံးမကျတ...