၈၅၁ - ၈၅၅

652 62 0
                                    


အပိုင်း (၈၅၁) ဟွာများအတွက် ကပ်ဘေး

     “အစ်မသိုင်းဘုရင်သားရဲရယ် အကြီးအကဲတွေရယ် တပည့်တွေရယ် အတူတူပဲရှိနေတာကြောင့် အစ်မ‌တို့တွေ နောက်ဆုံးဆုံးဖြတ်ချက်မချခင် ကျုပ်တစ်ခုလောက် မေးချင်တယ်"
    ချင်နန်သည် တည်ငြိမ်သော မျက်နှာထားဖြင့်သာ ရှိနေပြီး မိုးချုန်းသံကဲ့သို့ ကျယ်လောင်သော အသံဖြင့် ရှိနေသည်။

     သူ၏ အသံသည် လူအုပ်ထက်ပင် ပို၍ကျယ်လောင်ပေသည်။

    “အင်း…ဆက်ပြော"
   ကိုးမြီးသိုင်းဘုရင်သားရဲ သူမ၏ မျက်တောင်များကိုပုတ်ခတ်လိုက်သည်။

     ချင်နန် တာအိုပုံဆောင်ခဲကို မယူသ၍ သူမအတွက် သိပ်ကိစ္စမရှိပေ။ သို့သော်လည်း သူမသည် တာအိုမူလပုံဆောင်ခဲနှင့် တစ်နည်းနည်းဖြင့် တာဝန်ရှိသောကြောင့် ချင်နန် အလျှော့ပေးလိုက်လျောလိမ့်မည်ဟု မျှော်လင့်နေသည်။

     အကြီးအကဲဟွာ၊ ဟွာကျန်နှင့် အခြားသူများ တစ်စုံတစ်ခုပြောရန် ပြင်လိုက်သည်။ သို့သော်လည်း သိုင်းဘုရင်သားရဲ ဤကဲ့သို့ ပြောလိုက်သောကြောင့် သူတို့ လိုက်နာရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

    ကျန်ရှိသော အကြီးအကဲများမှာမူ ချင်နန် ဤကဲ့သို့ အကျိုးကျေးဇူးရရှိသည်ကိုကြည့်၍ မနာလိုစိတ်သာဖြစ်နေသည်။

     နေရာတစ်ခုလုံး တစ်စပြင်တစ်ခုပမာ တိတ်ဆိတ်နေသည်။

    လူတိုင်း၏ အာရုံချင်နန်ပေါ်သို့ ကျရောက်နေသည်။

    “အားလုံးပဲ…ကျုပ်တာအိုမူလပုံဆောင်ခဲကို လူသားတောင်ထိပ်ကို ယူလာတာက လှည့်စားမှုတချို့ ပြုလုပ်ခဲ့တယ်ဆိုတာ အားလုံး သိကြပါတယ်…ဒါပေမဲ့ ကျုပ်ဒီလိုလုပ်ခဲ့တာကတော့ မမျှမတ ဆက်ဆံခံခဲ့ရလို့ပဲ"
     
     ချင်နန် တည်တံ့သော မျက်နှာထားဖြင့် ပြောလိုက်သည်။
     “ကျုပ်တာအိုမူလအခန်းထဲ ဝင်တုန်းက ကျုပ် ထိပ်ဆုံးဂူတံဆိပ်ကို ရခဲ့တယ်…ဒါပေမဲ့ အကြီးအကဲဟွာနဲ့ ဟွာကျန်တို့က တစ်ယောက်နဲ့ တစ်ယောက် ပူးပေါင်းပြီးတော့ ကျုပ်ကို ဧကရာဇ်သလင်းပြားတွေ ပေးဖို့ တောင်းဆိုခဲ့တယ်…ဒါပေမဲ့ ကျုပ်က ငြင်းဆိုခဲ့တယ်…ဒါကြောင့်မလို့ အကြီးအကဲဟွာက ကျုပ်ကို ထိပ်ဆုံးဂူထဲ ဝင်ခွင့်မပေးဘဲ အောက်ခြေဂူထဲပဲ ဝင်ခွင့်ပေးခဲ့တယ်"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now