၅၀၆ - ၅၁၀

580 64 0
                                    


အပိုင်း (၅၀၆) ရန်သူများနှင့် တွေ့ကြုံခြင်း

     “ချေးပဲ"

     “မကောင်းဘူး"
      ဖန်ကလန်၏ ဘိုးဘေးနှင့် ကျိကလန်၏ ဘိုးဘေးများ တုန်လှုပ်သွားကြပြီး သူတို့၏ သိုင်းအရှင်အဆင့်စွမ်းအားနှင့် အကာအကွယ်ပစ္စည်းအမျိုးမျိုးကို အသုံးပြုလိုက်သည်။ ရလဒ်အနေဖြင့် လူအုပ်ကြီးအား အမျိုးမျိုးသော အလင်းများ ဖုံးလွှမ်းသွားသည်။
     သို့သော်ငြား ဘိုးဘေးနှစ်ယောက်ရှိသည့်တိုင် လီခြောက်ရာအတိဒုက္ခကို ခုခံရန် လုံလောက်ခြင်းမရှိပေ။

     ဘန်း...ဘန်း...ဘန်း...

     မရေမတွက်နိုင်မိုးကြိုးများ ကျဆင်းလာပြီး ဘိုးဘေးများနှင့် အခြားသူများ၏ အော်ရာများ လျင်မြန်စွာ ကျဆင်းသွားသည်။

     ထိုအချိန်၌ နဝမမြို့တစ်ခုလုံး အလန့်တကြားဖြစ်သွားကြသည်။

      “လီခြောက်ရာအတိဒုက္ခ"
 
      “ဟူး...ဒီကောင်က ဘယ်လိုမွန်းစတားမျိုးလဲ"

      “ဘိုးဘေးနှစ်ယောက်လုံးတောင် မခုခံနိုင်ဘူး"

     ကျင့်ကြံသူများသည် သူတို့၏ ကျောရိုးများ စိမ့်တက်သွားသလို ခံစားလိုက်ရပြီး ဟာလာဟင်းလင်းမျက်နှာထားများ ဖြစ်သွားသည်။

     ဤချင်နန်၏ ပါရမီသည် သူတို့ စိတ်ကူးများထက် လုံးဝသာလွန်ပေသည်။

     “ဒါ..."
     ထိုအချိန်၌ ကျောင်းကျွယ်သည်လည်း ဆွံ့အနေသည်။ အစက သူသည် ချင်နန်၏ ဘေးကင်းမှုကို စိုးရိမ်ပူပန်ခဲ့သော်လည်း တိုက်တိုက်ဆိုင်ဆိုင် သူ၏ အတိဒုက္ခ ရောက်လာခဲ့သည်။ ထို့ပြင် အတိဒုက္ခသည် အလွန်ကြောက်မက်ဖွယ်ရာကောင်းသည်။

       ထို့ကြောင့် ချင်နန်သည် အတိဒုက္ခကို ကျော်လွှားရန် ပြဿနာမရှိသကဲ့သို့ သူ၏ ရန်သူများသည် ပြင်းထန်စွာ ဒဏ်ရာရသွားလိမ့်မည်ဖြစ်သည်။

      ကျောင်းကျွယ်သည် အမှတ်တမဲ့ ချင်နန်အား ကြည့်ရှုလိုက်ရာ ပျော်ရွှင်ခြင်းမရှိဘဲ သူ၏ မျက်နှာ တည်တံ့သွားသည်။
      “ဟမ်"
     ကျောင်းကျွယ် အံ့အားသင့်သွားသည်။
     “ဘာလို့ ချင်နန်က အရမ်းစိုးရိမ်ပူပန်နေတဲ့ ပုံပေါက်နေတာလဲ"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Tempat cerita menjadi hidup. Temukan sekarang