၉၄၁ - ၉၄၅

594 63 0
                                    


အပိုင်း (၉၄၁) တုန်လှုပ်ဖွယ်ရာသတင်း

       “ပထမဒိုဂျိုက တိုက်ပွဲက မင်းတို့နဲ့ မဆိုင်ဘူး…"
    ဘုရင်သံတမန်တည်ငြိမ်စွာ ပြောလိုက်ပြီး သူ၏ အသံသည် လူအုပ်၏ နှလုံးသားထဲ၌ ပဲ့တင်ထပ်သွားသည်။

    ဆူညံနေသော ဒိုဂျိုကြီးသည် ချက်ချင်းပင် တိတ်ဆိတ်သွားသည်။
      အချိန်တန်သည့် အခါတွင် သူတို့သည် တိုက်ပွဲ၏ ရလဒ်ကို သိလိမ့်မည်ဖြစ်သည်။

  ဝီ…

   ဘုရင်သံတမန်၏ ပုံရိပ်မှ မရေမတွက်နိုင်သော အလင်းတန်းအများ ထွက်ပေါ်လာပြီး ပါဝင်သူတိုင်းပေါ်သို့ ကျရောက်သွားသည်။ သူတို့၏ ကျောက်ဖြူထိုင်ခုံများပေါ်မှ နံပါတ်များ လျင်မြန်စွာ ပြောင်းလဲသွားသည်။

     ချင်နန် တစ်ချက်ကြည့်လိုက်ပြီး သူ၏ အဆင့်သည် တစ်ထောင့်သုံးဆယ့်မြင့်လာကြောင်း သူနားလည်လိုက်သည်။  ဘုရင်အဆင့်ပေါ်တွင် အဆင့်တစ်ထောင်နီးပါးတက်လာခဲ့ခြင်းဖြစ်သည်။
      သူ သူ၏ ဝန်းကျင်သို့ လှည့်ကြည့်လိုက်ရာ ထောင်ချင်းစန့်သည် အဆင့်ရှစ်ရာ၊ ဖန်ချန်းချင်သည် အဆင့်တစ်ထောင့်လေးရာဖြစ်လာကြောင်း သူမြင်တွေ့လိုက်ရသည်။ ရွှင်ယွင်၏ အဆင့်ပင် ယခု၌  တစ်ထောင့်ရှစ်ရာနှစ်ဆယ့်နှစ်ဖြစ်သည်။

     “ငါအဆင့်ငါးရာတိုးလာတယ်…ဟား…ဟား…ဟား…ငါးရာ"

    “ချေးပဲ…ငါက တစ်ဆင့်ပဲလိုတာ…"

     “ငါ့အဆင့်က သုံးရာကျော် ပြုတ်ကျသွားတယ်"

     ဒိုဂျို၌ အံ့အားသင့်မှုနှင့် သက်ပြင်းချသံများ ပြည့်နှက်နေသော အသံများ ဖုံးလွှမ်းနေသည်။

     “မင်းတို့ထဲက ဆယ့်သုံးယောက်က အရင့်အဆင့်ထက် အဆင့်ငါးရာကျော်တက်လာတယ်…တစ်ရာငါးဆယ့်ရှစ်ယောက်က အဆင့်တစ်ရာကျော်တက်လာတယ်…ဒီမှာ မင်းတို့အတွက် ဆုတွေ"
     ဘုရင်သံတမန်ပြောလိုက်ပြီး အလင်းတန်းရာချီသည် ကောင်းကင်မှ ချင်နန်နှင့် အခြားသူများအပေါ် သက်ဆင်းလာသည်။

     အခြားသူများကို သိုလှောင်အိတ်များပေးခြင်းဖြစ်သော်လည်း ချင်နန်မှာမူ ခြွင်းချက်ဖြစ်သည်။ သူသည် ထူးဆန်းသော ခရမ်းရောင်သလင်းကျောက်တစ်ခုကို ရခဲ့သည်။ သလင်းကျောက်ပေါ်၌ ခပ်မှိန်မှိန်အစင်းကြောင်းများရှိနေသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Donde viven las historias. Descúbrelo ahora