၄၀၁ - ၄၀၅

591 60 0
                                    


အပိုင်း (၄၀၁)အံ့ဖွယ်ကောင်းသော

      “ငါရှေ့ဆက်သွားရမယ်...ရှေ့ကို ငါဆက်သွားရမယ်"

     “ငါရှေ့ဆက်သွားရမယ်...ရှေ့ကို ငါဆက်သွားရမယ်"

     “ငါရှေ့ဆက်သွားရမယ်...ရှေ့ကို ငါဆက်သွားရမယ်"

      “.........."

      ချင်နန်သည် သူ၏ အမြင်ထဲ၌ သူ၏ ရှေ့မှ လမ်းကြောင်းတစ်ခုသာ ရှိနေသကဲ့သို့ နှလုံးသားထဲ၌ အဆက်မပြတ်အော်ဟစ်နေသည်။
      လမ်းကြောင်းကို အဆုံးတိုင်အောင် လျှောက်ပြီးမှ အောင်ပွဲကို ရရှိလိမ့်မည်ဖြစ်သည်။
      ကြောက်မက်ဖွယ်ရာ ဖိအားအောက်တွင် သူ၏ ခြေဖဝါးကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှံ့နွံထဲ၌ နစ်မြှုပ်သွားသလို ခံစားလိုက်ရသည်။ သူလှမ်းလိုက်သည့် ခြေလှမ်းတိုင်းသည် အလွန်လေးလံကာ ခက်ခဲနေသည်ဟု ခံစားနေရသည်။

      တစ်လှမ်း...နှစ်လှမ်း...သုံးလှမ်း...

     တစ်နာရီ...နှစ်နာရီ...သုံးနာရီ...

     အချိန်ခြောက်နာရီကုန်လွန်သွားသောအခါ ချင်နန် ခြေလှမ်းနှစ်ရာကိုးဆယ့်သုံးလှမ်းသို့ရောက်ရှိသွားသည်။ ယခင်က ကောင်းကင်၏အလယ်တွင်ရှိနေသော နေမင်း၏ နေရာတွင် မရေမတွက်နိုင်သောကြယ်များနှင့် အမှောင်ထုနေရာယူသွားပြီဖြစ်သည်။ လ၏ အေးပြပြအလင်းရောင်သည် ကျွန်းပေါ်သို့ ကျဆင်းနေသည်။
      အပြာရောင်အုတ်ခဲလမ်း‌ပေါ်၌ ချင်နန်၏ ခန္ဓာကိုယ်သည် တုန်တုန်ရီရီနှင့် ရှိနေသည်။ သူ၏ အသက်ရှူမှုတိုင်းသည် အလွန်ပြင်းထန်နေပြီး ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုနှင့် တူညီနေသည်။ သူ၏ ခန္ဓာကိုယ်မှ ချွေးများ အဆက်မပြတ်စီးကျနေပြီး အငွေ့ပျံနေသည်။ လူတိုင်းသည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ပင်ပန်းနွမ်းနယ်မှုကို ခံစားနိုင်ပေသည်။

     ဤခြောက်နာရီအတောအတွင်းတွင် ခုံရုံးသခင်ကျင်နှင့် အခြားကျင့်ကြံသူများသည် သူတို့၏ အာရုံကို ချင်နန်၏ အပေါ်၌သာ စူးစိုက်နေကြသည်။ ချင်နန် ဤကဲ့သို့ ရှေ့သို့ တရွေ့ရွေ့နှင့် တက်လှမ်းနေသည်အား မြင်တွေ့ရသောအခါ သူတို့၏ စိတ်ဝိညာဉ်ထိတိုင်အောင် တုန်လှုပ်နေကြသည်။ အထူးသဖြင့် ချင်နန် ခြေလှမ်းနှစ်ရာကိုးဆယ့်သုံးလှမ်းသို့ ရောက်ရှိသွားသောအခါဖြစ်သည်။
     ခြေလှမ်းနှစ်ရာကိုးဆယ့်သုံးလှမ်းနှင့် ခြေလှမ်းနှစ်ရာ့လေးဆယ်ကြားတွင် ကြီးမားသော ခြားနားချက်ကြီးတစ်ခုရှိပေသည်။ ရင်ရွှင်းလုံလို ဂျီးနီးယပ်တစ်ယောက်ပင် ထိုနေရာတွင် အရှုံးပေးခဲ့ရပြီး ရွှယ်ဝူဟန်သည်လည်း ခြေလှမ်းနှစ်ရာ့လေးဆယ်သို့ လှမ်းနိုင်ရန်အတွက် ဧကရာဇ်လက်နက်သုံးခုကို အသုံးပြုခဲ့ရသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Tahanan ng mga kuwento. Tumuklas ngayon