၂၁၆ - ၂၂၀

641 67 0
                                    


အပိုင်း (၂၁၆) ကိုးဝိညာဉ်ကောင်းကင်ဂျင်ဆင်း

     “သေ...သေသွားပြီလား"
      မင်းသမီးမြောင်မြောင်၏ ဆွဲဆောင်မှုရှိသော မျက်နှာသည် ဗလာနတ္တိ ဖြစ်နေသည်။

     ပြင်းထန်စွာဒဏ်ရာရထားသော လောင်ဂူးသိုင်းဘိုးအေသားရဲ၏ မျက်လုံးများထဲတွင် သနားသည့် အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။

    “ဒါက ဝါးမြိုခြင်းပဲ...အခု သူ့အသက်ကို ဝါးမြိုပြီးသွားပြီ...နောက်ထပ် သူ့ရဲ ဝိညာဉ်ကို ဝါးမြိုတော့မယ်...အခု သူ့ရဲ့ အသက်ဆုံးရှုံးသွားပြီဖြစ်‌တာကြောင့် တစ်၀က်ပြီးဆုံးသွားပြီလို့ ပြောလို့ရတယ်..."

    “ငါသူ့ကို ဘယ်လိုကယ်နိုင်မလဲ"
     သူ၏ စကားမဆုံးမီမှာပင် အေးစက်သော အသံတစ်သံကို ကြားလိုက်ရသည်။

     လောင်ဂူးသိုင်းဘိုးအေသားရဲအံ့အားသင့်သွားသည်။

     မင်းသမီးမြောင်မြောင်၏ ဆွဲဆောင်မှုရှိသော မျက်လုံးများထဲတွင် အေးစက်သော အရိပ်အမြွက်များ ပြည့်နှက်နေသည်။
    “ငါနောက်တစ်ခါ ထပ်မေးမယ်...ငါသူ့ကို ဘယ်လိုကယ်နိုင်မလဲ"

     “သူ့ကို ကယ်မယ်"
    လောင်ဂူးသိုင်းဘိုးအေသားရဲသည် သူမဤကဲ့သို့ မေးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ သို့သော်လည်း သူ ရိုးရိုးသားသားပင် ပြန်ဖြေလိုက်သည်။
     “သူ့ကို ကယ်ဖို့က အခုမဖြစ်နိုင်တော့ဘူး...သူ့ရဲ့ အသက်က ဝါးမြိုခံလိုက်ရပြီဆိုတော့ သူ့ရဲ့ ယင်နဲ့ ယန်ကို ပြန်လည်နှိုးဆွနိုင်တဲ့အစွမ်းထက်တဲ့ ဆေးဝါးတစ်ချို့ရှိရင်တောင် မဖြစ်နိုင်ဘူး...သူ့ရဲ့ အသက်ကို ပြန်နှိုးဆွနိုင်ရင်တောင် သူက ဝေဒနာ..."

     သူ၏ စကားမဆုံးမီမှာပင် မင်းသမီးမြောင်မြောင်သည် စိတ်မရှည်စွာဖြင့် နောက်တစ်ဖန် ကြားဖြတ်ပြောလိုက်သည်။
     “ဒီလောက်ဆို ရပြီ"

     “မင်းဘာလုပ်မလို့လဲ"
     လောင်ဂူးသိုင်းဘိုးအေသားရဲ ရှုပ်ထွေးသွားသည်။

     “ငါသူ့ကို ကယ်မလို့ပဲ"
     မင်းသမီးမြောင်မြောင်သည် အသက်မဲ့နေသည့် ချင်နန်ကို ကြည့်ကာ ပြောလိုက်သည်။ ထို့နောက် ချက်ချင်းပင် သူမ၏ ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားကို နှိုးဆွလိုက်ရာ သူမ၏ အော်ရာမှာ ပို၍ သန်မာလာခဲ့သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now