အပိုင်း (၇၃၆) ကောင်းကင်ကံကြမ္မာကြွက်၏ ထူးဆန်းသောလုပ်ရပ်“ကောင်းကင်ကံကြမ္မာလမ်းကြောင်း ထွက်ပေါ်လာပြီ"
အာဏာပိုင်များသည် ချက်ချင်းပင် ချင်နန်၊ ချန်ထျန်ကူ၊ မုလုံရွှယ်နှင့် ကျန်ဖေးဖန်တို့ကို ကြည့်လိုက်ကြသည်။
သူတို့သာ ကောင်းကင်ကံကြမ္မာလမ်းကြောင်းထဲ ဝင်နိုင်ကြသူများ ဖြစ်သည်။“ကောင်းကင်ကံကြမ္မာလမ်းကြောင်းကို ဝင်ရမဲ့ အချိန်ပဲ"
အလင်းတစ်ချက်နှင့်အတူ ချန်ထျန်ကူ၏ ခန္ဓာကိုယ်တွင် မီးလျှံများ ဖုံးလွှမ်းသွားပြီးနောက် အစီအရင်ဆီသို့ သွားလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ အဆောင်တစ်ခု ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး ရှေးဟောင်းအော်ရာတစ်ခု ထွက်ပေါ်လာသည်။ကောင်းကင်ကံကြမ္မာအဆောင်၏ အော်ရာဖြင့်သာ လမ်းကြောင်းထဲ ဝင်နိုင်ပေသည်။
မုလုံရွှယ် ချင်နန်ကို အတွေးများစွာဖြင့် ကြည့်လိုက်ပြီးနောက် သူမသည်လည်း အစီအရင်ဆီသို့ သွားလိုက်သည်။
ကျန်ဖေးဖန် နှာခေါင်ရှုံ့လိုက်ပြီး အစီအရင်ဆီသို့ သွားလိုက်သည်။
ကုန်သွယ်ရေးမဟာမိတ်ခေါင်းဆောင်နှင့် ဝမ့်ရှန်နန်းဆောင်ခေါင်းဆောင်တို့ အသက်ပြင်းပြင်းရှူရှိုက်လိုက်ကြသည်။ ချင်နန် ထုတ်ဖော်ပြသခဲ့သည့် စွမ်းအားသည် သူတို့ကို တုန်လှုပ်စေခဲ့သည်။ ယခုအချိန်၌ သူတို့ထံတွင် မျှော်လင့်ချက် ကောင်းကင်ကံကြမ္မာလမ်းကြောင်းသာ ကျန်ရှိတော့သည်။
ဂျီးနီးယပ်များသည် ကောင်းကင်ကံကြမ္မာလမ်းကြောင်းထဲတွင် သူတို့၏ ကံကြမ္မာကို ပြောင်းလဲပြီးမှသာ ချင်နန်ကို အနိုင်ယူနိုင်လိမ့်မည်ဖြစ်သည်။ချန်ထျန်ကူ…
မုလုံရွှယ်…ကျန်ဖေးဖန်…
မင်းတို့ သုံးယောက် အောင်မြင်ရမယ်.
“တစ်ချက်လောက်တော့ သွားကြည့်တာပေါ့"
ဂျီးနီးယပ်သုံးယောက်၏ စွမ်းအားကို ချင်နန် အလွန်စိတ်ပျက်နေသော်လည်း ယခုအချိန်၌ ကောင်းကင်ကံကြမ္မာလမ်းကြောင်းဖွင့်လှစ်သောကြောင့် တစ်ချက်သွားကြည့်ခြင်းသည် သူ့အတွက် အကျိုးမယုတ်ပေ။ သူသည် ကံကောင်းမှုတချို့ကို တွေ့ရှိကာ သိုင်းသူတော်စင်အဆင့်ကိုပင် တက်နိုင်သည်။
“ကလေး အကောင်းဆုံးကြိုးစား"
သွေးတောင်ပံဗာမီလီယံငှက်နှင့် နိုင်ငံကာကွယ်သူလိပ်နက်တို့သည် သူ့ကို အများကြီးမျှော်လင့်ထားပေသည်။
အံ့ဖွယ်ကိစ္စတွေ အများကြီး လုပ်ပြီးတဲ့နောက်မှာ ဒီတစ်ခေါက်ကော ချင်နန်သူတို့ကို ဘယ်လို အံ့ဩအောင် လုပ်ဦးမှာလဲ...
DU LIEST GERADE
အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)
Abenteuerလန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ့်ဆုံးဖြစ်နေခဲ့ပါတယ်။ အဆင့်နိမ့် သိုင်းဝိညာဉ်ကြောင့် နံပါတ်တစ်ဂျီးနီးယပ် တစ်ယောက်အဖြစ်ကနေ အသုံးမကျတ...