၉၅၆ - ၉၆၀

626 59 0
                                    


အပိုင်း (၉၅၆) လူအုပ်ကိုအံ့ဩတုန်လှုပ်စေခြင်း

     ယခင်က ချင်နန်သည် သုံးရွက်နီလာလက်ဖက်ရည်နှစ်ရာ့ငါးဆယ်ဂရမ်သောက်ပြီးပြီဖြစ်သည်။ ထို့ပြင် ရွှေရွက်အင်မော်တယ်လက်ဖက်ရည်နှင့် တာအိုခေါက်သံကြောင့် သိုင်းဘီဘင်အဆင့်တစ်ဆယ်ကျင့်ကြံသူတစ်ယောက်ပင် ရှင်သန်နိုင်လိမ့်မည်မဟုတ်ပေ။

     “အထင်ကြီးစရာပဲ…အရမ်းအထင်ကြီးစရာပဲ"
     ဖျက်ဆီးခြင်းသိုင်းဘုရင် အံ့ဩစိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
     “အတိတ်က ငါဒီလိုမလုပ်နိုင်ခဲ့ပေမဲ့ ဒီနေ့ မင်းက ငါ့ရဲ့ မျက်လုံးတွေကို ပွင့်စေခဲ့တာပဲ"

     ချင်နန် အပြုံးဖြင့် တုံ့ပြန်လိုက်ပြီးနောက် တင်ပျဉ်ခွေကာ ထိုင်လိုက်သည်။
     သူ၏ ခန္ဓာကိုယ်ထဲမှ သိုင်းသစ်ပင်များသည် နောက်ထပ်တစ်ကျန်ရှည်လာကြသည်။ ထို့ပြင် သူ၏ စိတ်ဆန္ဒ၊ စိတ်ဝိညာဉ်.... အစရှိသည်တို့သည်လည်း အင်မော်တယ်စွမ်းအင်နှင့် တာအိုခေါက်သံတို့ကို ချေဖျက်ပြီးနောက် အဆင့်တက်သွားခဲ့သည်။
    သူသည် သူ၏ စွမ်းအင်ကို တည်ငြိမ်အောင်လုပ်ရန်အတွက် အချိန်တချို့လိုအပ်သည် ။

    ဖျက်ဆီးခြင်းသိုင်းဘုရင်သည် ချင်နန်ကို ကြည့်ပြီးနောက် စိတ်သက်သာရာသက်ပြင်းချလိုက်သည်။ ထို့နောက် သူ၏ အကြည့်ထဲတွင် ပြတ်သားမှုများ ဖြစ်ပေါ်လာသည်။
      နှစ်နှစ်ထောင်ကြာသွားပြီဖြစ်သောကြောင့် သူ၏ ကျန်ရှိသော စိတ်ဆန္ဒပျောက်ကွယ်သွားတော့မည်ဖြစ်သည်။

       “ဒါပေမဲ့ ငါ့ရဲ့ ဘုရင်သိုင်းပညာကို မင်းကို ဒီတိုင်းမပေးနိုင်ဘူး…ငါမသေခင်မှာ နတ်ဘုရားအတိဒုက္ခရဲ့ စိတ်ဆန္ဒကို ဘုရင်သိုင်းပညာထဲ ထည့်သွင်းထားခဲ့တယ်…မင်း အဲဒါကို ရဖို့အခွင့်အရေးရှိလားဆိုတာ မင်းရဲ့ ကံကြမ္မာက ဆုံးဖြတ်လိမ့်မယ်…ဒီလိုဆိုပေမဲ့ ငါမင်းကို အခွင့်အရေးကောင်းတစ်ခုပေးမှာပါ"
     ဖျက်ဆီးခြင်းသိုင်းဘုရင်တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီး ချင်နန်၏ ခန္ဓာကိုယ်ထဲ ရွှေရောင်အလင်းတစ်ခု ပစ်လွှတ်လိုက်သည်။

     ထို့နောက် သူတိတ်ဆိတ်သွားသည်။
      သူ ချင်နန်၏ ပါရမီကို သဘောကျသော်လည်း သူ့ကို အလကားပေးလိမ့်မည်မဟုတ်‌ပေ။
       သူသည် ကံကြမ္မာ၏ အရေးပါမှုကို ရှင်းလင်းစွာသိသည်။ အကယ်၍ ချင်နန်သည် ရေစက်မရှိပါက အဆုံး၌ ဘာမှဖြစ်လာလိမ့်မည်မဟုတ်ပေ။
     သူနှင့် နတ်ဘုရားမွေးဖွားဇာတာခွင်အကြားတွင်လည်း ထိုကဲ့သို့ဖြစ်ပျက်ခဲ့သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Wo Geschichten leben. Entdecke jetzt