အပိုင်း (၂၇၁) အလွန်စိတ်ပျက်ကြခြင်းမြင့်မြတ်နေရာနှစ်ခုမှ ထိပ်ပိုင်းခေါင်းဆောင်သုံးယောက် တစ်ချိန်တည်းထွက်ပေါ်လာရခြင်းမှာ နှစ်ပေါင်းတစ်ရာကြာပြီးနောက် ကိုယ်ရောင်ပြလာသည့် လူတစ်ယောက်ကြောင့် ဖြစ်သည်။
“ဒီမွန်းစတားအဘိုးကြီးက ဘယ်သူလဲ...ချင်နန်က ဘာကြောင့် သူနဲ့ ပတ်သက်နေတာလဲ..."
လောင်ဂူးသိုင်းဘိုးအေသားရဲသည် မြင့်မြတ်နေရာနှစ်ခုမှ လူသုံးယောက်အားကြည့်ကာ နှလုံးခုန်မြန်နေသည်။“အသုံးမက်လိုက္တာ"
မင်းသမီးမြောင်မြောင်သည် လေတစ်ချက်မှုတ်ထုတ်လိုက်သည်။ သို့သော်လည်း သူမ၏ မျက်လုံးများသည် မျက်တောင်ခတ်ခြင်းမရှိခဲ့ပါ။အဘိုးအိုသည် ထိပ်ပိုင်းခေါင်းဆောင်သုံးယောက်အားကြည့်ကာ အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“မင်းတို့မှာ မေးခွန်းတွေ အများကြီးရှိနေလိမ့်မယ်...ငါ အဲဒါတွေကို ချက်ချင်းဖြေပေးမယ်...ငါ့ရဲ့ဆက်ခံသူကို ငါရှာတွေ့ခဲ့ပြီဆိုတာ အမှန်ပဲ...ဒါပေမဲ့ သူက မင်းတို့ထင်ထားတဲ့အတိုင်း ပြိုင်ဘက်ကင်းဂျီးနီးယပ်မဟုတ်ဘူး...ဒါကြောင့် မင်းတို့ အခု ထွက်သွားပေးနိုင်မလား"အိုးရန်ပါးနှင့် သံတမန်တို့ တွံတွေးမျိုချလိုက်သည်။ ထင်ထားသည့်အတိုင်း အင်ပါယာအမြစ်ဖြတ်သူသည် အလွန်ရဲရင့်ပေသည်။
ထိပ်ပိုင်းခေါင်းဆောင်သုံးယောက်နှင့် ရင်ဆိုင်ရသည့်အချိန်၌ပင် သူသည် ပုံမှန်အတိုင်းပင် ပြုမူပြောဆိုကာ နှင်ထုတ်နေသည်။ထိပ်ပိုင်းခေါင်းဆောင်သွမ့်မု၏ မျက်နှာ တည်ကြည်လေးနက်သွားပြီး
“ ထောင်ချင်းစန့်...မင်း ငါ့ကို လာနောက်နေတာလား...နှစ်ပေါင်းတစ်ရာကုန်သွားပြီးတာတောင် အခုချိန်ထိ သင့်တော်တဲ့လူတစ်ယောက် ရှာမတွေ့သေးဘူးလား...မင်း မရှာနိုင်မှတော့ ဘာကြောင့် အသက်ရှင်ရဝော့မှာလဲ... "
နောက်ဆုံးစကားသည် မိုးခြိမ်းသံကဲ့သို့ပင်ဖြစ်ပြီး လူအုပ်ကြီး၏ နှလုံးသားများအား တုန်လှုပ်ချောက်ချားသွားစေသည်။
ထောင်ချင်းစန့် - အင်ပါယာအမြစ်ဖြတ်သူ၏ နာမည်
BINABASA MO ANG
အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)
Adventureလန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ့်ဆုံးဖြစ်နေခဲ့ပါတယ်။ အဆင့်နိမ့် သိုင်းဝိညာဉ်ကြောင့် နံပါတ်တစ်ဂျီးနီးယပ် တစ်ယောက်အဖြစ်ကနေ အသုံးမကျတ...