အပိုင်း (၄၃၁) သေမင်းပင်လယ်၏ ထူးဆန်းသော အဖြစ်အပျက်ချင်းလုံဆန်းကြယ်နယ်မြေတွင် ထိုအဖြစ်အပျက်များ ဖြစ်ပွားနေစဉ်၌ ကန်းလန်တိုက်ကြီး၏ အောက်ပိုင်းခရိုင်ထဲတွင်...
အောက်ပိုင်းခရိုင်၏ အနောက်မြောက်ပိုင်းတွင် အဆုံးမဲ့ကျယ်ပြောသော အနက်ရောင်ပင်လယ်တစ်ခုရှိသည်။ ပင်လယ်မှ ပြင်းထန်သော သေခြင်းအငွေ့အသက်များ ထွက်ပေါ်နေကာ မရေမတွက်နိုင်သော လျှို့ဝှက်ချက်များ ဖုံးလွှမ်းနေသည်။ ဤနေရာကို သေမင်းပင်လယ်ဟု ခေါ်ပေသည်။
သို့သော်လည်း ယနေ့တွင် သေမင်းပင်လယ်ထဲမှ တစ်စုံတစ်ခုနိုးထလာသည့်အလား ထူးဆန်းသည့် အဖြစ်အပျက်တစ်ခုဖြစ်ပွားလာခဲ့သည်။
ဤထူးဆန်းသော အဖြစ်အပျက်သည် မြင့်မြတ်နေရာနှစ်ခုမှ ကျင့်ကြံသူများကြားထဲတွင် ပေါက်ကွဲမှုတစ်ခုကဲ့သို့ဖြစ်ပွားသွားပြီး အလွန်အံ့အားသင့်သွားကြသည်။“သေမင်းပင်လယ်က ဘာဖြစ်တာလဲ..."
“ထူးဆန်းတယ်...အရမ်းထူးဆန်းတယ်...နှစ်ပေါင်းထောင်ကျော်အတွင်းမှာ ဒီလိုထူးဆန်းတဲ့ဖြစ်ရပ်မျိုး ကြုံရတာ ပထမဆုံးအကြိမ်ပဲ"
“လာ...တစ်ချက်လောက် သွားကြည့်ရအောင်"
“........."
များစွာသော ကျွမ်းကျင်သူများနှင့် ထိပ်ပိုင်းခေါင်းဆောင်များသည် သေမင်းပင်လယ်သို့ ဦးတည်သွားလိုက်ကြသည်။
ဤအတောအတွင်း ချင်းလုံမြင့်မြတ်နေရာ၌...
“သေမင်းပင်လယ်ရဲ့ ထူးခြားတဲ့ အဖြစ်အပျက်က ငါတို့ ဂျူနီယာညီမဘေးကင်းမှုနဲ့ ဆက်စပ်နေလိမ့်မယ်...ငါတို့ သွားကြည့်ရအောင်"
ထိပ်ပိုင်းခေါင်းဆောင်သွမ့်မုနှင့် ထိပ်ပိုင်းခေါင်းဆောင်ကျန်းတို့သည် တစ်ဦးနှင့် တစ်ဦး အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် လေထဲသို့ ပျံသန်းသွားကာ သေမင်းပင်လယ်ဆီသို့ သွားလိုက်ကြသည်။ဤအတောအတွင်း ကျွမ်းကျင်သူများစွာသည် ထိပ်ပိုင်းခေါင်းဆောင်များ မြင့်မြတ်နေရာများမှ ထွက်ခွာသွားသည်ကို တွေ့မြင်သွားသည့်အခါ အံ့သြတုန်လှုပ်သွားကြသည်။
YOU ARE READING
အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)
Adventureလန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ့်ဆုံးဖြစ်နေခဲ့ပါတယ်။ အဆင့်နိမ့် သိုင်းဝိညာဉ်ကြောင့် နံပါတ်တစ်ဂျီးနီးယပ် တစ်ယောက်အဖြစ်ကနေ အသုံးမကျတ...