၁၁၁ မှ ၁၁၅

809 71 0
                                    


အပိုင်း(၁၁၁) အပြင်နယ်မြေ ပြိုင်ပွဲ

      ချင်နန်သူသည် အိမ်သို့ပြန်လာသောအခါ ကျေနပ်အားရသော ခံစားမှုနှင့်အတူ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်နေသည်။
      ဟောပြောပို့ချမှု‌ကြောင့် ဗဟုသုတများ တိုးလာရုံတင်မကဘဲ စီနီယာအမ လီဟုံ၏ တံဆိပ်တစ်ခုပင် ရခဲ့သေးသည်။ အဓိကအကျဆုံးမှာ ကျားငါးကောင်နှင့် နန်းဂွန်အယ်ရှောင်တို့ထံမှ ‌ရှန်းရွှင်ဆေးပုလင်း ရှစ်ဆယ့်လေးပုလင်း ရရှိခဲ့ခြင်းဖြစ်သည်။
     လက်ရှိအချိန်တွင် ရှန်းရွှင်ဆေးပုလင်း ရှစ်ဆယ့်‌လေးပုလင်းသည့် သူ့အတွက် ကြီးမားသည့် ကံကောင်းမှုကြီးပင်ဖြစ်သည်။
    
     “ အရင်တစ်ခေါက်ကတော့ မင်းကံကောင်းသွားတယ်၊ ဒါပေမယ့် ဒီအချိန်ကနေ စပြီးတော့ မင်းကို ဘယ်တော့မှ ငါ့ဆေးတွေ စားခွင့်မပြုတော့ဘူး "
     ချင်နန်သည် အခန်းထောင့်တွင်ရှိ‌နေသော ကျောက်စိမ်းဂျင်ဆင်းကို ကြည့်ကာ အေးစက်စွာပြုံးလိုက်ပြီး
     “ ငါ့စွမ်းအားတွေ တိုးတက်လာတဲ့ အချိန်ကြရင် အတွင်းထဲမှာ ပုန်းနေတဲ့ မင်းကို ဆွဲဖြဲပစ်မယ် "

     ထိုသို့ပြောပြီးသည်နှင့် ချင်နန်သည် တင်ပျဉ်‌ခွေထိုင်လိုက်ပြီး စိတ်လျော့ချလိုက်ကာ သူ၏ သိုင်းပညာနှလုံးသားကို သုံးသပ်ဆင်ခြင်ရန် ပြင်လိုက်သည်။

     သို့သော်လည်း ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။
     အခန်းထောင့်တွင်ရှိနေသော ကျောက်စိမ်းဂျင်ဆင်းသည် ချင်နန်၏ စကားများကို ဒေါသထွက်နေသည့်ပုံစံဖြင့် တုန်ခါသံများ ထွက်ပေါ်လာသည်။
     ထို့နောက် ဂျင်ဆင်းမှ အလွန်စူးရှသည့်အလင်းတစ်ခုထွက်ပေါ်လာပြီး ချင်နန်ကို ဖုံးလွှမ်းသွားသည်။
     ချင်နန် မကောင်းသည့် ခံစားချက်တစ်ခုရလိုက်ပြီး ရင်ဘတ်အိပ်ကပ်ထဲကို ချက်ချင်း လက်နှိုက်ကာ စမ်းလိုက်သည်။
     သူ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။
    သူ၏ ရှန်းရွှင်ဆေးလုံးများအားလုံး ပျောက်ကွယ်သွားပြီဖြစ်သည်။

     “ အား... ... လခွှီးပဲ "

     ချင်နန်သည် နာကျည်းစွာ အော်ဟစ်ဆဲဆိုပြီးနောက် သူ၏ခန္ဓာကိုယ်မှ အော်ရာများ ပေါက်ကွဲထွက်လာပြီး မဟာအပြစ်ခုနှစ်ပါးကို ကိုင်ဆောင်ကာ ကျောက်စိမ်းဂျင်ဆင်းကို ရူးသွပ်စွာဖြင့် အစွမ်းကုန် ခုတ်ပိုင်းနေသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now