၄၅၁ - ၄၅၅

698 65 0
                                    


အပိုင်း (၄၅၁) အခြေအနေကြီးထွားလာခြင်း

        ဖေးရန်မြင့်မြတ်နေရာမှ လူများ အလွန်အံ့အားသင့်သွားသည်။
       ကျန်းပိလန်သည် ယခုအချိန်၌ ထွက်လာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

      ချင်နန်က ဒီလောက်အစွမ်းထက်နေမှတော့ သူထွက်ပြေးရှောင်တိမ်းရမှာ မဟုတ်ဘူးလား...

      သို့သော်လည်း ကျန်းပိလန်၏ စိတ်ထဲတွင် အစီအစဉ်တစ်ခုရှိကြောင်းကို သူတို့ မသိရှိကြပေ။ ဤကဲ့သို့ အခြေအနေမျိုးတွင် သူမသည် ထွက်ပြေးရမည့်အစား ရှားပါးသော အခွင့်အလမ်းကို အသုံးချ၍ ချင်နန်ကို သတ်ရန် ဆုံးဖြတ်ခဲ့သည်။

       “ဖေးရန်မြင့်မြတ်နေရာက သူတော်စင်‌လောင်းတွေအားလုံးပဲ...ကျွန်မမှာ အစီအစဉ်တစ်ခုရှိတယ်...ရှင်တို့ရဲ့ စိတ်တွေကို လျှော့ချထားလိုက်...ကျွန်မရဲ့ သိုင်းဝိညာဉ်နဲ့ ရှင်တို့ကို ထိန်းချုပ်ပြီး သူကို သတ်ဖို့အတွက် အစွမ်းထက်ဝင်္ကပါတစ်ခု ဖွဲ့စည်းမယ်"
      ကျန်းပိလန်သည် ချက်ချင်းပင် သူတော်စင်လောင်းများကို အသံလွင့်ကာ ပြောလိုက်သည်။

    ထိုသူတော်စင်လောင်းများသည် ချင်နန်၏ စွမ်းအားကို တွေ့မြင်ပြီးနောက် အလွန်တုန်လှုပ်နေကြပြီးသားဖြစ်သည်။ ကျန်းပိလန်၏  စကားများကိုကြားပြီးနောက် သူတို့သည် ချက်ချင်းပင် သူမ၏ အစီအစဉ်ကို သဘောတူလိုက်သည်။

     သူတို့သည် ဆက်လက်၍ ချင်နန်ကို လုပ်ချင်တိုင်းလုပ်ခွင့်ပြုထားပါက ဖေးရန်မြင့်မြတ်နေရာ၏ ဂုဏ်သိက္ခာသာ ထိခိုက်ပျက်စီးမည်မဟုတ်ဘဲ ဖေးရန်မြင့်မြတ်နေရာခေါင်းဆောင်နှင့် ထိပ်ပိုင်းခေါင်းဆောင်များသည်လည်း သူတို့ကို ကျိန်းသေ အပြစ်တင်လိမ့်မည်ဖြစ်သည်။ ယခုအချိန်၌ သူတို့သည် တစ်ယောက်နှင့် တစ်ယောက်ပူးပေါင်း၍ ချင်နန်ကို သတ်သည်က ပိုကောင်းပေသည်။
    အကယ်၍ သူတို့ အောင်မြင်သွားခဲ့လျှင် သူတို့သည် ကြီးမားသောဆုလာဘ်များကို ရရှိလိမ့်မည်ဖြစ်သည်။
     ချင်နန်သည် မည်မျှပင် အစွမ်းထက်စေကာမူ သူတို့အာလုံးကို အနိုင်ယူရန်မှာ လုံးဝမဖြစ်နိုင်ပေ။
      
     “နှလုံးသားဝါးမျိုခြင်းသိုင်းဝိညာဉ်"
      လူတိုင်း၏ အကြည့်များအောက်တွင် ကျန်းပိလန်သည် သူမ၏ သိုင်းဝိညာဉ်ကို ထုတ်လွှင့်၍ ကျယ်လောင်စွာ အော်လိုက်သည်။ ကျန်းပိလန်သည် သူမ သိုင်းဝိညာဉ်၏ အကူအညီဖြင့် ဖေးရန်မြင့်မြတ်နေရာမှ သူတော်စင်လောင်းတစ်ဆယ်ယောက်ကို သူမ၏ ရုပ်သေးရုပ်များအဖြစ် ချက်ချင်းထိန်းချုပ်လိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now