၆၀၁ - ၆၀၅

633 61 0
                                    


အပိုင်း (၆၀၁) တည်နေရာကူးလူးခြင်း...တော်ဝင်အခမ်းအနားစတင်ခြင်း

     ချင်နန်သည် အိမ်ရှေ့စံ စံအိမ်သို့ ပြန်လာကာ စကားစမည်ပြောပြီးနောက် ထွက်လာခဲ့သည်။

     “ကျားဖြူမြို့ကို သွားရမယ်...ငါအခု တည်နေရာကူးပြောင်းနိုင်ပြီလားဆိုတာ ကြည့်ရအောင်"
     ချင်နန်သည် မြို့တံခါးဆီသို့ တိုက်ရိုက်သွားလိုက်သည်။ သူသည် ယခင်က သိုင်းအရှင်တစ်ဝက်အဆင့်သို့ ရောက်ရှိပြီးသည့်နောက်တွင် သူသည် လေဟာနယ်အား ဆုပ်ဖြဲကာ တည်နေရာကူးပြောင်းရန် ကြိုးစားခဲ့သည်။
     သို့သော်လည်း အက်ကွဲကြောင်းထဲမှ လေများသည် အလွန်ပြင်းထန်သောကြောင့် သူ၏ သိုင်းအရှင်အဆင့်ခန္ဓာကိုယ်ပင် ‌ခုခံနိုင်ခြင်းမရှိပေ။

    ယခုအချိန်၌ သူသည် နတ်ဆိုးဝတ်ရုံကို ရရှိခဲ့သောကြောင့် သူသည် ဝတ်ရုံကို မထိန်းချုပ်နိုင်သော်ငြား အက်‌ကွဲကြောင်းထဲမှ အင်အားကို ခံနိုင်သင့်ပေသည်။
    လမ်းပေါ်တွင် ချင်နန်၏ ခြေလှမ်းများ ရပ်တန့်သွားပြီး မျက်မှောင်ကြုတ်သွား၏။

     သူအပေါ်သို့ တစိုက်မတ်မတ်ကျရောက်နေသော အော်ရာအနည်းငယ်ကို သူခံစားနိုင်ပေသည်။

     “ငါ့ကို လုပ်ကြံဖို့ ကြိုးစားနေတာလား"
     ချင်နန် အနည်းငယ် ရှုပ်ထွေးသွားပြီးနောက် လှည့်ကြည့်ကာ စစ်ဆေးလိုက်သည်။

     သိုင်းအရှင်အဆင့်ငါးကျင့်ကြံမှု ပိုင်ဆိုင်ကြသော လူများသည် လူအုပ်ထဲ၌ ရောနှောနေကြသည်။

     ချင်နန်၏ အကြည့်ကို သတိထားမိသွားပြီးနောက် ထိုလူများ တုန်လှုပ်သွားကြသည်။
    သူက သူတို့ကို ဘယ်လိုလုပ် တွေ့ရှိနိုင်စွမ်း ရှိတာလဲ...

    ထိုလူများသည် တစ်ယောက်နှင့် တစ်ယောက် အကြည့်များ ဖလှယ်လိုက်ကြပြီး သူတို့၏ နောက်ယောင်ခံမှုပေါ်ပေါက်သွားပြီဖြစ်သောကြောင့် နောက်ထပ် ပုန်းကွယ်နေစရာအကြောင်းမရှိတော့ပေ။
     သူတို့သည် ချက်ချင်းပင် ချင်နန်ဆီသို့ ချဉ်းကပ်လာသည်။
     ဦးဆောင်လာသော သက်လတ်ပိုင်းလူသည် ချင်နန်၏ ရှေ့ရောက်ရှိလာကာ ပြောလိုက်သည်။
      “သွမ့်ချင်း..ငါတို့ရဲ့  ခေါင်းဆောင်က မင်းကို သူ့ဆီလာလည်စေချင်နေတယ်...ကျေးဇူးပြုပြီး ငါတို့နောက် လိုက်ခဲ့ပါ"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Tempat cerita menjadi hidup. Temukan sekarang