၅၃၆ - ၅၄၀

554 61 0
                                    


အပိုင်း (၅၃၆) နှလုံးသားထဲမှ အမျက်ဒေါသ

      “အသေးစားတည်‌နေရာကူးပြောင်းခြင်းအဆောင်"
     မူချန်ရယ်သည် တံဆိပ်တစ်ခုအား ထုတ်ယူကာ အလျင်အမြန် မီးလောင်တိုက်သွင်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်ကို မှော်အလင်းတစ်ခု လွှမ်းခြုံသွားပြီး ကျောက်တိုင်ဆီသို့ တည်နေရာကူးပြောင်းပေးလိုက်သည်။

     “ချေးပဲ"
     ချင်နန်၏ မျက်နှာ အမူအရာပြောင်းလဲသွားသည်။ သူ၏ ရန်သူများတွင် ဤမျှများပြားသော အသေးစားတည်နေရာကူးပြောင်းခြင်းအဆောင်များ ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

    “စလိုက်တော့"
    မူချန်ရယ် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

     အစက သွမ့်ချင်းသည် ဤကဲ့သို့ စွမ်းအားမျိုးပိုင်ဆိုင်ထားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သို့သော်လည်း ကြိုတင်ကာကွယ်မှုတစ်ခုအနေဖြင့် သူသည် သူ၏ အဖွဲ့အတွက် အရန်အစီအစဉ်တစ်ခုကို ပြင်ဆင်ထားပြီးသားဖြစ်သည်။

      “ဟုတ်ကဲ့"
     ဒုတိယအဖွဲ့မှ ဂျီးနီးယပ်များ၏ မျက်လုံးများ စူးရှသွားသည်။ သူတို့သည် အနီရောင်ဆေးလုံးများအား ထုတ်ယူကာ စားသုံးလိုက်သည်။

     ဘန်း...

     ဂျီးနီးယပ်များ၏ အော်ရာများသည် မြင့်တက်လာပြီး အနည်းဆုံး သူတို့ ယခင်စွမ်းအား၏ နှစ်ဆဖြစ်သွားသည်။
     ဆေးလုံးကို သဲသဲမဲမဲရူးသွပ်ခြင်းဆေးလုံးဟု ခေါ်ပေသည်။ စားသုံးလိုက်သည်နှင့် ၎င်းသည် တစ်စုံတစ်ယောက်၏ ကျင့်ကြံမှုအား မြှင့်တင်ပေးနိုင်ပေသည်။ သို့သော်လည်း ဆေးလုံးအား သုံးစွဲပြီးသည့်နောက်တွင် ကျင့်ကြံသူအတွက် ဘေးထွက်ဆိုးကျိုးများ ဖြစ်လာစေလိမ့်မည်ဖြစ်သည်။
     သို့သော်လည်း ၎င်းသည် ယခုအချိန်၌ စိုးရိမ်ပူပန်စရာဟုတ်ပေ။

      အောင်ပွဲသည်သာ သူတို့၏ တစ်ခုတည်းသော အာရုံစိုက်မှုဖြစ်သည်။

      ဗာမီလီယံငှက်သွေးစက်အတွက်...

      အင်မော်တယ်ဗာမီလီယံငှက်သိုင်းပညာအတွက်...

     “သေစမ်း"
     ဂျီးနီးယပ်များသည် အလွန်ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သားရဲများကဲ့သို့ ရှေ့သို့ တဟုန်ထိုးတက်လာကြကာ ချင်နန်ကို တိုက်ခိုက်လိုက်ကြသည်။ ချင်နန်၏ ခန္ဓာကိုယ်သည် သိုင်းအရှင်အဆင့်ဖြစ်သော်လည်း သူသည် သူတို့၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now