အပိုင်း (၁၅၆) မင်းသမီးသည် လောင်းကစားကို နှစ်သက်သည်ချင်နန်၊ ဝေဟောင်းနှင့် မည်သူမျှ စကားမပြောရဲကြပါ။
အကြောင်းမှာ သူတို့သည် ဒုတိယအထပ်ကို ရောက်ရှိသောအခါ
ရက်စက်သောလူသည် ဘာမှ စဉ်းစားတွေးတောချိန်မပေးဘဲ တရစပ် ပြောခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် မည်သူမှ ပထမဦးဆုံး မထွက်လိုကြချေ။ရက်စက်သောလူသည် အသက်နှစ်ရှိုက်စာခန့် အကြာတွင် သူ့ဘာသူ ဂျီးနီးယပ်တစ်ယောက်ကို လက်ညှိုးညွှန်ကာ ပြောလိုက်သည်။
“မင်း လာခဲ့"ရွေးချယ်ခံရသော လူငယ်သည် တဒင်္ဂ အံ့အားသင့်သွားပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် ရှေ့သို့ တက်လာခဲ့သည်။
သိုင်းကံကြမ္မာနန်းဆောင်ထဲမှ ဂျီးနီးယပ်များသာမက ဆောင်းဦးတောင်ထိပ်မှ ရက်စက်ကြမ်းကြုတ်သော ကျင့်ကြံသူများနှင့် အကြီးအကဲများသည်လည်း မှင်သက်နေကြသည်။
ရက်စက်သောလူသည် ဂျီးနီးယပ်တစ်ယောက်ကို လက်ညှိုးညွှန်ပြလိုက်မှသာ သူတို့ သတိပြန်၀င်လာခဲ့ကြသည်။ကုန်သွယ်ရေးမဟာမိတ်၏ ဝေါယာဉ်ထဲမှ အဖြူရောင်၀တ်စုံနှင့် အမျိုးသမီးသည် စတင်ပြောလိုက်သည်။
“ဒုတိယအဆင့်ပြိုင်ပွဲက အခုစပြီ...မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ချို့ကြောင့် လောင်းကြေးရဲ့ စည်းမျဉ်းတွေကို ပြောင်းလိုက်ပြီ...ချင်နန့်အတွက် လောင်းကြေးက နှစ်ဆ၊ ဟောင်ရွှဲ အတွက်လောင်းကြေးက တစ်ဆ၊ ဝေဟောင်းအတွက် လောင်းကြေးက သုံးဆ..."အဖြူရောင်၀တ်စုံနှင့် အမျိုးသမီး၏ စကားအဆုံးတွင် လူအုပ်ကြီးမှာ ချက်ချင်းပင် ပြောဆိုဆွေးနွေးသံများ ထွက်ပေါ်လာသည်။
“ချင်နန့်ရဲ့ အနိုင်ရရှိဖို့ အလေးသာမှုက ချက်ချင်းကို မြင့်တက်လာတာပဲဟ...အရင်တုန်းက ဆယ်ဆတစ်ဆကနေ အခု နှစ်ဆတစ်ဆတောင် ဖြစ်သွားပြီ"“အေးပေါ့ဟ...ချင်နန်က မူလကျင့်ကြံသူတစ်ယောက်လေ...ဒုတိယအဆင့်ပြိုင်ပွဲက တစ်စုံတစ်ယောက်ရဲ့ ခွန်အားကို စမ်းသပ်တာဆိုတော့ ဝေဟောင်းတောင် သူနဲ့ ယှဉ်နိုင်မှာမဟုတ်ဘူး"
YOU ARE READING
အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)
Adventureလန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ့်ဆုံးဖြစ်နေခဲ့ပါတယ်။ အဆင့်နိမ့် သိုင်းဝိညာဉ်ကြောင့် နံပါတ်တစ်ဂျီးနီးယပ် တစ်ယောက်အဖြစ်ကနေ အသုံးမကျတ...