အပိုင်း (၈၉၆) ခြိမ်းခြောက်မှု
“ငါတို့ စမ်းသပ်မှုထဲပါမလို့"
စင့်မာခေါင် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။စမ်းသပ်မှုသည် အရိပ်နန်းဆောင် ကျင့်ကြံသူများအား မည်ကဲ့သို့ ဆက်ဆံမည်ကို ဆုံးဖြတ်ရာ၌ အသုံးပြုခြင်းဖြစ်သည်။ စမ်းသပ်မှုအား ဖြတ်ကျော်နိုင်သူများသည် သူတို့ သိချင်သည့် သတင်းအချက်အလက်ကို ဈေးနှုန်းနည်းနည်း၊ ပို၍တိကျမှန်ကန်မှုနှင့် အချိန်တိုတိုဖြင့် သိနိုင်လိမ့်မည်ဖြစ်သည်။
လက်ရှိ၌ ပထမထပ်မှ ကျင့်ကြံသူများသည် စမ်းသပ်မှုကျဆုံးသွားသောကြောင့် စိတ်ရှည်စွာ စောင့်ဆိုင်းရုံသာ တတ်နိုင်သည်။“ကျုပ် နားလည်ပါပြီ"
အရိပ်နန်းဆောင်မှ တပည့် ယဉ်ကျေးသော အသံဖြင့် ပြောလိုက်သည်။
“ကျုပ်တို့ရဲ့ စမ်းသပ်မှုက သုံးရက်မှာ တစ်ကြိမ်စပြီးတော့ လူနှစ်ဆယ်ပဲပါဝင်လို့ရတယ်…ခင်ဗျားတို့က အချိန်ကိုက်ရောက်လာတာပဲ…ဒီမှာစောင့်နေတဲ့ ကျင့်ကြံသူဆယ့်သုံးယောက်ရှိနေပြီ…လူပြည့်ဖို့ သိပ်မလိုတော့ဘူးလို့ ကျုပ်ယုံကြည်တယ်"“အင်း…ကျေးဇူးပြုပြီး ကျုပ်တို့ကို အဲဒီကို ခေါ်သွားပေးပါ"
စင့်မာခေါင် ခေါင်းညိတ်လိုက်ပြီး သူ၏ ခါးတွင် ချိတ်ဆွဲထားသည့် တံဆိပ်ကို တစ်ချက်ပြကာ ပြောလိုက်သည်။
“စမ်းသပ်မှုမှာ ပါဝင်တာက ငါတို့ရဲ့ ပထမဆုံးအကြိမ်ပဲ…ငါတို့ကို စည်းမျဉ်းတွေအကြောင်း ရှင်းပြပေးလို့ရလား"သူတို့အား အံ့အားသင့်စွာပင် အရိပ်နန်းဆောင်သည် ခရမ်းရောင်တံဆိပ်ကို လျစ်လျုရှုခဲ့သည်။ သူသည် လမ်း၌ သေသေချာချာ ရှင်းပြခဲ့သည်။
“စည်းမျဉ်းတွေက ရိုးရှင်ပါတယ်…ပါဝင်သူနှစ်ဆယ်ထဲမှာ ကျုပ်တို့ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့လူတစ်ယောက်ကပဲ အထူးတံဆိပ်ကို ရလိမ့်မယ်"တစ်ခုတည်းလား...
ချင်နန်၏ မျက်လုံးများ ပင့်တက်သွားသည်။စမ်းသပ်မှုမှာ သုံးရက်တစ်ကြိမ်သာ ကျင်းပပြီး လူနှစ်ဆယ်ပါဝင်နိုင်ကာ တစ်ယောက်သာ တံဆိပ်ကို ရနိုင်သည်။ ထို့ကြောင့် တံဆိပ်မှာ မည်မျှအဖိုးတန်ကြောင်း ပြသနေသည်။
ထို့နောက် ဆက်တွေးကြည့်လိုက်သောအခါ အလယ်ပိုင်းတိုက်ကြီး၌ ကျင့်ကြံသူများစွာရှိကြောင်း သူ အမှတ်ရသွားသည်။ အကယ်၍ အရိပ်နန်းဆောင်သည် တံဆိပ်များကို အလွယ်တကူထုတ်ပေးလျှင် ၎င်းသည် ရှုပ်ထွေးမှု ဖြစ်လာလိမ့်မည်ဖြစ်သည်။
VOCÊ ESTÁ LENDO
အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)
Aventuraလန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ့်ဆုံးဖြစ်နေခဲ့ပါတယ်။ အဆင့်နိမ့် သိုင်းဝိညာဉ်ကြောင့် နံပါတ်တစ်ဂျီးနီးယပ် တစ်ယောက်အဖြစ်ကနေ အသုံးမကျတ...