၂၃၁ - ၂၃၅

703 68 0
                                    


အပိုင်း(၂၃၁) သေခြင်းရှင်ခြင်းခန်းမတိုက်ပွဲ
  
     လူများမှာ သူတို့နားများ ကန်းနေပြီး ဦးနှောက်များဆူညံနေသလို ခံစားနေရသည်။

    ကျောင်းချန်၊ ဖုန်ရူ၊ ကျိုးကူလီ နှင့် အခြားဂျီူနီးယပ်များမှာလည်း ကြောင်အနေကြသည်။
     ယခုအချိန်၌ ချင်နန်သည် ပေါက်ကွဲပြီး ကျင်းမဟာမိတ်တစ်ခုလုံးကို စိန်ခေါ်လိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။ 
      ယခုအချိန်၌ စိတ်ဝိညာဉ်ဂိုဏ်းချုပ်သည် သိုင်းသခင်အဆင့်သို့ တက်ရောက်နေကြောင်းကို လူတိုင်းနီးပါး သိရှိပေသည်။ သူသည် မအောင်မြင်သေးသော်လည်း  လူတိုင်းသည် ခြိမ်းခြောက်မှုကို ခံစားနေရကာ ကျင်းအဟာမိတ်အဖွဲ့ကို မည်သူကမှ မစော်ကားရဲကြပါ။
    .. ဒါတောင် ဒီချင်နန်က ကျင်းမဟာမိတ်တစ်ခုလုံးကို စိန်ခေါ်ရဲတယ်လား..
  
     ဒီကောင်က သိုင်းသခင်တစ်ယောက်ဖြစ်လာမယ့် စိတ်ဝိညာဉ်ဂိုဏ်းချုပ်ကို မကြောက်ဘူးလား..

     “ငါတို့အားလုံးကို သတ်မယ်.၊ ဘယ်လောက်တောင် ခမ်းနားလိုက်လဲ"
   ကျောင်းချန် ရယ်မောလိုက်ပြီး
    “မင်းက ကျင်းမဟာမိတ် အဖွဲ့တစ်ခုလုံးကို စိန်ခေါ်ရဲတယ်ပေါ့၊ မင်းကို ဒီလိုအခွင့်အရေးမျိုး ဘယ်သူက ပေးထားလို့လဲ.. ၊ မင်းက အခု စိတ်ဝိညာဉ်ဂိုဏ်းရဲ့ တပည့်တောင် မဟုတ်တော့ဘူး၊ ပြီးတော့..."

      “သိုင်းဧကရာဇ်အဆင့်အောက်က လူတွေအကုန်လုံး ငါနဲ့ သခြင်းရှင်ခြင်းခန်းမမှာတိုက်မယ်"
     ကျောင်းချန်၏ စကား မဆုံးသေးခင်မှာပင် ချင်နန်သည် မိုးချုန်းသံကဲ့သို့ ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။
    လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။
    
     သိုင်းဧကရာဇ်အဆင့်အောက် လူတွေအကုန်လုံး ငါနဲ့ သေခြင်း ရှင်ခြင်း ခန်းမမှာတိုက်မယ်...

     လွန်ခဲ့သော တစ်လက ချင်နန်၏ ကျင့်ကြံမှုအဆင့်သည် ရှင်တန်အဆင့်နှစ်သာဖြစ်ကြောင်းကို လူတိုင်း သိရှိထားကြသည်။ သူ၏ ဟွှာအဆင့်တစ်ဆယ် သိုင်းဝိညာဉ်နှင့်ပင် သိုင်းဧကရာဇ်အဆင့်အောက်ရှိ လူတိုင်းကို အနိုင်မယူနိုင်ပါ။

   “ဟား...ဟား ဟား ဟား.."
   ကျောင်းချန်သည် သူ၏ ဘဝတစ်လျှောက်လုံးတွင် အရယ်ရဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ရယ်မောလိုက်ပြီး
    “အရင်က မင်းက  ဂျူနီယာညီငယ် လိန်ဖန်းကို စိန်ခေါ်ခဲ့တယ်၊ ဒါပေမယ့် မင်း သေရမှာ ကြောက်ပြီး အရှုံးပေးခဲ့တယ်၊ ဒါကိုတောင် မင်းက ငါတို့ကို သေခြင်းရှင်ခြင်းခန်းမမှာ စိန်ခေါ်နေသေးတာလား"
    
     ချင်နန်၏ မျက်နှာထားမှာ မပြောင်းလဲဘဲ တည်တည်ငြိမ်ငြိမ်ရှိနေပြီး
    “ငါ့ကို အနိုင်ယူနိုင်တဲ့သူက ငါ့ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးရမယ်'

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now