၇၂၁ - ၇၂၅

542 56 0
                                    


အပိုင်း (၇၂၁) နှစ်ဖက်လုံးထိခိုက်ခြင်း

    ကောင်းကင်လောင်ကျွမ်းခြင်းဘုရင်၊ ထောင်ချင်းစန့်နှင့် အခြားအာဏာပိုင်များ တုန်လှုပ်သွားကြသည်။
    ကျင့်ကြံသူတစ်ယောက် အတိဒုက္ခပျက်စီးသွားသည့်အခါ ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို သူတို့ ရှင်းလင်းစွာ သိကြပေသည်။
     ထို့ပြင် ချင်နန်၏ အတိဒုက္ခသည် အလွန်ထူးခြားသည်။ ထို့ကြောင့် ၎င်း ပျက်စီးသွားသည့်အခါ ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို မမှန်းဆနိုင်ပေ။
     ထောင်ချင်းစန့်နှင့် အခြားသူများသည် ချက်ချင်းပင် တိုက်တန်ကြီးကို တိုက်ခိုက်လိုက်သည်။
    ယခုအချိန်၌ သူတို့၏ ဦးစားပေးမှာ ဝင်္ကပါကြီးမှ ဖန်တီးထားသည့် တိုက်တန်း၏ စွမ်းအားကို ဖြစ်နိုင်သမျှ လျှော့ချပြီး ချင်နန်၏ အတိဒုက္ခပျက်စီးခြင်းမှ ကာကွယ်ရန် ဖြစ်သည်။

    “ကောင်းတယ်…ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုက ဒီလောက်ထိ လုပ်ဖို့ ဆန္ဒရှိတယ်"
    ကုန်သွယ်ရေးမဟာမိတ်‌ခေါင်းဆောင်၏ မျက်လုံးများ တောက်ပသွားပြီး ရတနာပစ္စည်းများကို ထုတ်ဖော်လိုက်သည်။ ထောင်ချင်းစန့်နှင့် အခြားသူများ ဝင်္ကပါကို အားနည်းအောင် လုပ်နေချိန်၌ သူသည် အလစ်တိုက်ခိုက်ရန် စီစဉ်ခဲ့သည်။
     ၎င်းသည် သူတို့သည် တိုက်ပွဲ၏ ရလဒ်ကိုပင် ပြောင်းလဲပစ်နိုင်သည်။

    “စီနီယာတို့…ဒါမလိုဘူး"
   ရုတ်တရက် ချင်နန် အသံပို့လွှတ်ကာ ပြောလိုက်သည်။

     “ဒါပေမဲ့.…"
     အာဏာပိုင်များ အံ့ဩတုန်လှုပ်သွားသည်။
     သို့သော်လည်း ချင်နန်၏ မျက်လုံးထဲမှ ကြောက်ရွံ့မှုအစား တည်ကြည်ပြတ်သားသည့် အရိပ်အယောင်ကို မြင်သည့်အခါချက်ချင်းပင် သူတို့၏ တိုက်ခိုက်မှုများအား ရပ်တန့်သွားသည်။

    “ချင်နန် ငါတို့ အနိုင်ရဖို့ အာမခံတယ်"
   အာဏာပိုင်များ တဒင်္ဂစဉ်းစားလိုက်ပြီး သူတို့၏ နှလုံးသားထဲ၌ ကတိပေးလိုက်ကြသည်။ သူတို့သည် အာရုံပြန်ပြောင်းလိုက်ပြီး သူတို့၏ ရန်သူများကို တိုက်ခိုက်လိုက်ကြသည်။ သူတို့၏ တိုက်ခိုက်မှုများသည် ယခင်ကထက်ပင် ပို၍သန်မာလာသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now