၆၈၆ - ၆၉၀

662 61 0
                                    


အပိုင်း (၆၈၆) ထွက်ခွာခြင်း

     “ဒီပျက်စီးခြင်းချီနှစ်ထောင်ကို ကျုပ်တို့ ပထမဆုံးတွေ့ဆုံမှုအတွက် လက်ဆောင်လို့မှတ်လိုက်ပါ"
     ချင်နန် သူ၏ လက်ချောင်းကို လှုပ်ယမ်းကာ သိုင်းဘီဘင်များ၏ ခန္ဓာကိုယ်ထဲသို့ ပျက်စီးခြင်းချီတစ်ထောင်စီပစ်လွှတ်လိုက်ရာ သူတို့၏ ခန္ဓာကိုယ်များ တုန်ရီသွားသည်။
      သူတို့၏ ခပ်ဝါးဝါးခန္ဓာကိုယ်များမှာ တဖန် ပြန်လည်ထင်ရှားလာပြီး သူတို့၏ အော်ရာများသည် ယခင်ကထက် အနည်းငယ်သန်မာလာသည်။

     ချင်နန်သည် သူတို့ကို စစ်နတ်ဘုရား၏ ဘယ်ဘက်မျက်လုံးဖြင့် ကြည့်ရှုခဲ့သည်။ လက်ရှိ၌ သူတို့၏ စွမ်းအားသည် သိုင်းအရှင်အဆင့်သုံးနှင့် ညီမျှသည်။ သို့သော်လည်း သူတို့၏ အတွေ့အကြုံများနှင့် စွမ်းရည်များကြောင့် သူတို့အတွက် သိုင်းအရှင်အဆင့်ခုနှစ်ကျင့်ကြံသူကို ရင်ဆိုင်ရန် ပြဿနာမရှိပေ။

    “ကျေးဇူး…ကလေး"
   သိုင်းဘီဘင်များ ပျော်ရွှင်သွားသည်။ ချင်နန်ကို ကြည့်နေသည့် သူတို့၏ အကြည့်များမှာ ပို၍ ရင်းနှီးလာသည်။ ဤကလေးသည်  စီနီယာများအပေါ် မည်ကဲ့သို့ လေးစားရမည်ကို သိပုံရသည်။

    “စီနီယာတို့ အခုခင်ဗျားတို့ ကျုပ်ရဲ့ နတ်ဘုရားအာရုံထဲမှာ နေသင့်တယ်…"
   သို့သော်လည်း ချင်နန်၏ စကားသည် သိုင်းဘီဘင်နှစ်ယောက်ကို တုန်ယင်သွားစေပြီး ချက်ချင်းပင် ခေါင်းခါယမ်းလိုက်ကြသည်။
   သူတို့သည် သူ၏ နတ်ဘုရားအာရုံထဲ ဘယ်တော့မှ သွားတော့မည်မဟုတ်ပေ။ အဆုံး၌ သူတို့နှစ်ဦးလုံးသည် ချင်နန်၏ ဒန်တျန်ထဲတွင် နေလိုက်ကြသည်။

     “အခုအတိုအထွာတွေကို ပြုပြင်ရမယ်"
   ချင်နန် ခေါင်းခါယမ်းလိုက်ပြီး သူ၏ အတွေးများကို စုစည်းလိုက်သည်။

    ထို့နောက် ရှေးစစ်မြေပြင်တွင် သူရရှိခဲ့သည့် အတိုအထွာများကို ထုတ်ယူလိုက်သည်။ စုစုပေါင်း ထောင်‌ကျော်ရှိပြီး ကြောက်မက်ဖွယ်ရာအော်ရာများ ထုတ်လွှတ်နေကြသည်။

     “မင်းအဲဒါတွေကို ဘာလုပ်မလို့လဲ"
    သိုင်းဘီဘင်များ ရှုပ်ထွေးသွားကြသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now