""ကဲ! ပြောပါဦး...နင့်ရဲ့အသစ်စက်စက် guideဆရာအကြောင်း""
နေရာမှာ ဝင်ထိုင်သည်နှင့် စမေးလာသောစကားကြောင့် ရှင်ရှင် နှာခေါင်းလေးရှုံ့ပြကာ မုန့်စားဖို့ပဲပြင်လိုက်တော့၏။ ဒီအကြောင်းပြောရရင်လည်း တကယ်စိတ်ညစ်ပါသည်။ ဒီလောက်ကျူရှင်ချိန်မအားမလပ်နဲ့ guideဆရာမအချိန်လည်းရှိပါတယ်ဆိုမှ ဇွတ်ကိုစာသင်ပေးချင်နေသူတစ်ယောက်က လာပြီးပညာဒါနပြုနေသေးရဲ့ ။အဲ့လောက်စာသင်တာ ဝါသနာပါနေလည်း အစကတည်းက ကျောင်းဆရာလုပ်ခဲ့ရောပေါ့။စီးပွားရေးသမားလုပ်နေရတယ်လို့...။
""ဟဲ့...ဒါလေးမေးတာကို မျက်နှာကြီးကစူပုပ်နေရော..ငါတို့သူငယ်ချင်းက သိပ်ပညာလိုလားတာနော်...အဟီး!""
""လိုလားတာလည်းတော်ရုံပေါ့
အခုက ၂၄နာရီလုံးစာကျက်စေချင်နေကြတယ်...မပျော်တော့ပါဘူး""""နင်ကလည်း ကိုကို့လိုလူမျိုးက စာသင်ပေးမှာကို...ငါတို့ဆိုလေ ကပြီးကိုသင်လိုက်မယ်""
""အေး...ကောင်းသားပဲ
ငါတစ်ယောက်တည်းပျင်းလို့ နင်တို့ပါလာသင်ကြပါလား...တစ်ပါတ်မှာ၃ရက်ပဲသင်တာ..ငါ ကိုကို့ကိုပြောလိုက်မယ်လေ""""ငါတို့ကကိစ္စမရှိပါဘူး သူကသာ...ဟင်း ဟင်း!""
ထိုစကားကိုပြောလျက် သူငယ်ချင်းမတွေက ပြုံးဖြီးဖြီးတွေလုပ်နေကြသည်မို့ ရှင်ရှင် မျက်မှောင်လေးတစ်ချက်ကျုံ့လိုက်ရင်းမှ...
""ဟဲ့...အဲ့ ဟင်းဟင်းကဘာတွေတုန်း
သူကဘာဖြစ်လဲ...ဆက်ပြောလေ""""သူကကြိုက်မှာမဟုတ်ဘူးထင်တယ်
ငါတို့က ကိုကိုလို့ခေါ်မိတာကိုတောင် တခြားတစ်ခုပြောင်းခေါ်ဆိုပြီး ချေသွားသေးတယ်""""ဟယ်...ဟုတ်လား""
""အေးဟေ့...ကြည့်ရတာ သူ့ကို ကိုကိုခေါ်ဖို့မူပိုင်ခွင့်က နင့်တစ်ယောက်ပဲပေးထားတာထင်တယ်...ပြီးတော့ အဲ့နေ့ကလည်းaccသာပြသွားတယ် addတော့လည်းလက်ခံတာမဟုတ်""
""ငါ့ကိုကိုက အဲ့လောက်ကြီးလည်းမချေတတ်ပါဘူး။သူ မတွေ့သေးလို့ နေမှာပါ""
""ကဲ...မုန့်မြန်မြန်စား
အိမ်ပြန်ပြီးစာကျက်ရဦးမယ်""""ဟီး!...ငါတို့လမ်းလျှောက်ပြန်ကြစို့
နင်တို့အိမ်ကကားတွေပြန်လွှတ်လိုက်...လမ်းထိပ်လေး မုန့်ထွက်စားတာကို ကားနဲ့လာကြတယ် သူဌေးမတွေပဲ...ဆီဖိုးတွေမနှမြောဘူးလား""
YOU ARE READING
🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)
Romance''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိတယ်။ ဒီအချစ်ကြောင့် ကိုကို့ရဲ့ကောင်မလေး...မင်းကို တခြားသူတွေတောင် မနာလိုစေရမယ် ယုံလိုက်! ဒီလူသားကို...