""ကိုယ်ပြောတာ နားထောင်ပါ ချစ်ကြိုးရယ်
မင်းစိတ်ထဲမှာ ရှင်ရှင်နဲ့ပတ်သက်ပြီး ရှိနေတဲ့အတွေးတွေကို မေ့လိုက်ပါတော့ကွာ""
သူ့စကားကိုကြားတော့ ချစ်ကြိုးက မဲ့သလိုလေးပြုံးလိုက်မိသည်။တွေ့ရအောင်လို့ သူပဲခေါ်ပြီး တွေ့တော့လည်း ဒီအကြောင်းပဲမရပ်မနားပြောနေတာ စရောက်ကတည်းကပင်။
""ဒီအကြောင်းက ရှင်နဲ့ဆွေးနွေးစရာမရှိဘူး ကိုနေလ...ရှင်ဘာလို့ဒီလောက်အထိအသည်းအသန်ဖြစ်နေတာလဲ""
""ကိုယ်က အားလုံးကိုပြေလည်သွားစေချင်ရုံပဲ
အခုအများကြီးလက်မလွန်သေးခင် မင်းဘက်ကရပ်လိုက်ပါတော့ကွာ""
""အဟင်း!ချစ်ကြိုးလည်းဘာမှမလုပ်ရသေးပါလား။ရှင်ရှင့်လို ဘာမဟုတ်၊ညာမဟုတ်လေးက ဘယ်လိုအစွမ်းတွေများရှိနေလို့ ရှင်တို့ယောကျ်ားတွေ အထိမခံနိုင်အောင် ကာကွယ်ချင်နေကြတာလဲ? မဟုတ်မှလွဲရော...ရှင်က ကျမရဲ့ချစ်သူဆိုတဲ့coverယူပြီး တကယ်တမ်းမှာ ရှင်ရှင့်ကိုချစ်နေတာလား? လင်းညသိရင်စိတ်မကောင်းဖြစ်နေဦးမယ်နော်""
""ချစ်ကြိုး! ဘယ်လိုစကားမျိုးပြောလိုက်တာလဲ?မင်း ရိုင်းလှချည်လား""
ရင်ကိုအစိမ်းလိုက်အခြွေခံရသလို ပဲ့ကြွေသောနာကျင်ခြင်းဝေဒနာသည် လွန်စွာပြင်းထန်လှပါ၏။ ဒီစကားမျိုးဟာ သူ့ကို...၊နောက်ပြီးတော့ သူ့အချစ်ကို ဘယ်လောက်တောင်မှစော်ကားလိုက်သနည်း။တကယ်တော့ ဒါတွေပြောနေရခြင်းဟာ လင်းညနဲ့ရှင်ရှင်ကိုစိုးရိမ်တာထက် သူမကိုစိုးရိမ်ရခြင်းက ပိုသာတယ်။ အပြင်ပန်းပုံစံနဲ့မှမလိုက်ဖက်အောင် ဒီမိန်းမလှလေးရဲ့ရင်ထဲ ဘာကြောင့်များရိုင်းစိုင်းတဲ့အတွေးတွေ ရှိနေရပါသလဲ? သူ တကယ်ကို မစဥ်းစားတတ်တော့အောင်ပါပဲ။
""ရှင့်မှာဆက်ပြောစရာမရှိဘူးဆို
ကျမကိုပြန်ခွင့်ပြုပါဦး""
""ခဏလေး! ချစ်ကြိုး
မင်းဘက်က ရှေ့ဆက်ဖို့တွေးထားတယ်ဆိုရင် ကိုယ်လည်း သိသင့်တဲ့သူကိုပြောပြလိုက်ရုံအပြင်မရှိဘူး""
""ရှင်ဆိုလိုတာက?""
""လင်းညကို ကိုယ်ပြောပြမှာ
ရှင်ရှင်ထိခိုက်အောင် မင်းကြံစည်နေတာကိုပေါ့""
ВЫ ЧИТАЕТЕ
🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)
Любовные романы''ကိုကို တကယ်ပြောတာပါ ကလေးရယ်... မင်းနားလည်တာထက်၊ မင်းထင်နေတာထက် ကိုကိုကပိုချစ်ပေးနိုင်တယ်။ကိုကို့အချစ်မှာ စကားလုံးတွေထက်ပိုတဲ့ အဓိပ္ပာယ်အများကြီးရှိတယ်။ ဒီအချစ်ကြောင့် ကိုကို့ရဲ့ကောင်မလေး...မင်းကို တခြားသူတွေတောင် မနာလိုစေရမယ် ယုံလိုက်! ဒီလူသားကို...
