Part 19

5.5K 117 0
                                    

""မမရေ""

တံခါးခေါက်သံတောင်မကြားရဘဲ ခပ်ကျယ်ကျယ်ခေါ်သံနဲ့အတူ ဗြုန်းခနဲအခန်းထဲဝင်လာပုံက ဇိုးဇိုးဇက်ဇက်။ သူများတကာအလုပ်လုပ်နေသည့် companyရုံးခန်းအထိ အကြောင်းမကြား ဘာမကြား လက်ရဲဇက်ရဲဝင်လာတာများ လေးစားသမှုကိုမရှိ။ ကြိုးကတော့ မှန်ချပ်အနား၌ ရပ်ကာ ဖုန်းပြောလက်စမို့ သူဝင်လာတာမြင်ပေမယ့် ပြုံးရုံသာပြုံးပြ၍ ခဏစောင့်ဖို့လက်ဟန်ပြလိုက်ရသည်။ဒါကိုပင် သူက ဧည့်သည်နေရာမှာမထိုင်ဘဲ ကျူးကျူးကျော်ကျော်ဖြင့် ကြိုးရဲ့နေရာမှာ ဝင်ထိုင်နေလိုက်သေးရဲ့။

ကြည့်ပါဦး! ဒါတွေပေါ့...အဆင့်အတန်းမမီတဲ့အပြုအမူတွေ...ယဥ်ကျေးမှုကိုမရှိဘူး။

စိတ်ကမကျေမနပ်တွေးလိုက်သော်ငြား ထိုပုံရိပ်ကိုမျက်နှာမှာ မထင်ဟပ်စေဘဲ ခပ်ဖျော့ဖျော့လေးပြုံးပြလျက် အနားသို့လျှောက်သွားကာ...

""ကဲ! ပြောပါဦး
Companyကို မလာစဖူး အလာထူးလို့ပါလား
ဖေဖေ့ဆီရော သွားပြီးပြီလား""

""ဟုတ် သွားပြီးပြီ
ဖေဖေက meetingတက်နေလို့""

""သြော်...ဟုတ်သားပဲ
၁၀နာရီမှပြီးမှာ...shareရှင်တွေနဲ့တိုင်ပင်စရာရှိလို့တဲ့""

""ညီမလေးက မမကိုသတိရလို့ပါ
အိမ်မှာလည်း ကိုကိုမရှိရင်တစ်ယောက်တည်းပျင်းတယ်""

""ပျင်းရင်စာကျက်နေပေါ့
မဟုတ်ရင် မေမေ့အိမ်သွားလေ...ဟိုဘက်ခြံမှာယောက္ခမတွေလည်းရှိတယ်...သွားလည်ပေါ့""

""ဟင့်! မမဆီလာချင်တာပါဆို
မရဘူးလား""

""မမကအလုပ်တွေရှိသေးတယ်လေ
ညီမလေးလို အချိန်ပြည့်အားနေတဲ့သူမှမဟုတ်တာ""

ထိုစကားကြောင့် မမမျက်နှာကိုအံ့သြသလိုလေးမော့ကြည့်မိရ၏။ မမက ရှင်ရှင့်အပေါ်အရင်လောက် စိတ်မရှည်တော့သလို စကားပြောလည်း စိမ်းလာမှန်း အနည်းငယ်တော့ခံစားရပေမယ့် မဟုတ်ဘူးလို့သာဖြည့်တွေးခဲ့သမျှ အခုတော့စိတ်ထဲဝမ်းနည်းမိလာရသလိုပါပဲ။ ဘာဖြစ်လို့လဲ...ရှင်ရှင်က မမအပေါ်မကျေနပ်စရာတစ်ခုခုလုပ်မိခဲ့လို့များလား?

""Ring Ring!""

နားမလည်သည်ကို တွေးကြည့်အဖြေရှာနေစဥ် မမလက်ထဲကိုင်ထားသည့် ဖုန်းက ထပ်၍မြည်လာပြန်သည်။ဒီတော့လည်း စပ်စုတတ်သည့်မျက်ဝန်းတို့က ဖျတ်ခနဲလှမ်းကြည့်မိစဥ် contact မှာပေါ်နေသည့် nameကြောင့် မျက်မှောင်လေးစုကျုံ့မိပြန်၍...

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Where stories live. Discover now